ရုရှားစစ်တပ်က ယူကရိန်းစစ်သုံ့ပန်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းထိပ်တန်းအားကစားသမားများက ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
ယူကရိန်းစစ်သုံ့ပန်းအား ပစ်သတ်နေသည့် ဗီဒီယိုဖိုင်သည် ယူကရိန်းပြည်သူများအတွက် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး လက်နက်မဲ့ စစ်သုံ့ပန်းသည် ကတုတ်ကျင်းထဲတွင် ဆေးလိပ်သောက်နေကာ ပစ်သတ်မခံရမီ "Glory to Ukraine"ဟု ပြောကြားခဲ့သည်။
"Glory to Ukraine"စကားသည် ၂၀၁၄ ခုနှစ်က ယူကရိန်းတောင်ပိုင်းရှိ ခရိုင်းမီးယားကျွန်းဆယ်အား ရုရှားက ကျူးကျော်သိမ်းပိုက်မှုတွင် မူလနေထိုင်မှု ယူကရိန်းပြည်သူများ အကြား ထင်ရှားသည့် ကြွေးကြော်သံဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ယင်းစကားမှာ ပြန်လည်ထင်ရှားလာခဲ့သည်။
ယခု ထိပ်တန်းအားကစားသမားများက ဂုဏ်ပြုစကားပြောကြားသည့် ဗီဒီယိုဖိုင်တွင် "Glory to Heroes"ဟု ကြွေးကြော်သံဖြင့်အစချီကာ ပြောကြားခဲ့ကြသည်။
ယင်းသို့ပြောကြား သူများထဲတွင် ဘောလုံးလောကမှ ချယ်လ်ဆီးကွင်းလယ်တိုက်စစ် ကစားသမား မူဒရစ်၊ အာဆင်နယ်နောက်ခံလူ ဇင်ချင်ကို၊ စပါးတိုက်စစ်မှူးဟောင်း ရီဘရော့ဗ်နှင့် ရှက်တာဒိုးနက်ကွင်း လယ်လူ စတက်ပါနန်ကို၊ နာမည်ကြီး တင်းနစ်မယ် ဆဗီတိုလီနာ၊ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အူဆိုက်စသည့် နာမည်ကျော်များ ပါဝင်ခဲ့သည်။
"Glory to Ukraine" ဒီစကားကြောင့် ခင်ဗျားဟာ ကျည်ဆန်တစ်ထောင့်ရခဲ့ပါတယ်။ ခင်ဗျား မရှိတော့ပေမဲ့ အဆုံးအစမရှိသော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ ခင်ဗျားက အမှတ်တရ ရှိနေမှာပါ"ဟု အူဆိုက်က ပြောကြားခဲ့သည်။