အပြောင်းအရွှေ့ကာလမဟုတ်ပေမယ့် ပရီးမီးယားလိဂ်အသင်းအများစုရဲ့ စိတ်ကူးထဲ ဘယ်နားလေးပြင်လိုက်ရရင် သိပ်ကောင်းမှာပဲဆိုပြီး တွေးနေလိမ့်မယ်။ အထူးသဖြင့် အရေးပေါ်ရည် မှန်းချက်တွေ ပိုင်ဆိုင်ထားတဲ့အသင်းတွေဟာ ကိုယ့်ဖြစ်တည်မှုကိုယ် စိတ်တိုင်းကျနေမယ်မထင်ဘူး။ ဘောလုံးပွဲတစ်ပွဲရဲ့ အဓိကအဆုံးအဖြတ်ဟာ ဘာများဖြစ်မလဲ။ ဆင့်ကဲပြောင်းလဲလို့ မရနိုင်တဲ့ နည်းစနစ်တွေလား၊ နည်းဗျူဟာတော်လှန်ရေး တွေလား၊ ဒါမှမဟုတ် စွဲမက်ဖွယ်ရာကစားဟန်လား။ နောက်ဆုံး ရှင်းရှင်းလင်းလင်းပြောရရင် နိုင် ပွဲအတွက် လုံလောက်စေမယ့်သွင်းဂိုးတွေဟာ အရေးကြီးဆုံးဖြစ်နေမလားပဲ။ ပရီးမီးယားလိဂ်ရပ်ဝန်းထဲ အသင်းတချို့ဟာ Final Third Zone ထဲ အင်အားချည့်နဲ့နေပါတယ်။ အထင်ရှားဆုံးပြောရရင် ချယ်လ်ဆီးပေါ့လေ။ မကြာသေမီးကမှ သူတို့ ဟာ ဆောင်းရာသီစျေးကွက်မှာ ဘီလူးဆိုင်းတီးပြခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်သေးဘူး။ နိုင်ပွဲတစ်ပွဲရအောင် မနည်းရုန်းကန်နေရတယ်။ လီဗာပူးလ်လည်း အဲဒီလိုမျိုးပဲ။ မာနေမရှိတော့တဲ့ နောက်တိုက်စစ်အင်အားစုပြိုကွဲသွားရတယ်။ လူသစ်တွေက အသားမကျသေးဘူး။ ဒီယက်ဇ်၊ ဂျိုတာတို့က ဒဏ်ရာတောထဲနစ်မွန်းနေခဲ့တယ်။ ဖေမီနိုဆိုရင် လက်ရှိရာသီကုန်ဆုံးရင် လီဗာပူးလ်ကို နှုတ်ဆက်တော့မယ်။ လီဗာပူးလ်ခေတ်ကို ဆွဲတင်ပေးခဲ့တဲ့ တိုက်စစ်သုံးယောက်တန်းဟာ အပြီးတိုင်ပျောက်ကွယ်ပြီလို့ ဆိုနိုင်ပါတယ်။
ရုန်းကန်နေရသူတွေနဲ့ အဆုံးသတ်သမားကောင်းလိုအပ်ချက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။