စီးရီးအေအတွက် ပိုပြီးရင်ခုန်စရာဖြစ်စေမှာက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့အပြီး စီးရီးအေအသင်းတွေရဲ့ ချန်ပီယံရေပန်းစားမှု အဆင်မတန်မြင့်တက်လာခဲ့တာပါပဲ။ ဒီရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေမကစားမီ ချန်ပီယံဆုအတွက် ရေပန်းစားမှု ထိပ်ဆုံး (၁၀)သင်းစာရင်းကို ကြည့်မယ်ဆိုရင် စီးရီးအေကိုယ်စားပြုအဖြစ် နာပိုလီတစ်သင်းဟာ အဆင့် (၈)နေရာနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါတောင် နာပိုလီအနေနဲ့ ဒီရာသီစီးရီးအေ နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်တွေမှာ အကောင်းဆုံးပုံစံပြနိုင်တဲ့ အသင်းဖြစ်လို့သာပါဝင်ခဲ့တာဖြစ်ပြီး အေစီမီလန်၊ အင်တာမီလန်အသင်းတွေကတော့ ပြိုင်ဘက်ထိပ်တန်းကလပ်အသင်းတွေနဲ့နှိုင်းယှဉ်ရင် အားနည်းချက်များနေတာကြောင့် ရေပန်းစားမှု ကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဒါပေမဲ့ ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေအပြီး ဒုတိယအကျော့မစတင်မီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံရေပန်းအစားဆုံး ထိပ်ဆုံး (၁၀)သင်းထဲမှာ စီးရီးအေ (၃)သင်းစလုံးပါဝင်လာခဲ့ပြီး ပြိုင်ဘက်အသင်းတွေအတွက်လည်း သတိထားစရာအခြေအနေဖြစ်လာခဲ့ပါတယ်။
အီတလီတို့အတွက် အခွင့်အရေးလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။