မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ ပေါင်းစည်းထားတဲ့ ဘာစီလိုနာရဲ့ MSN တိုက်စစ်အတွဲက ဘောလုံး သမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်အတွဲတွေထဲက တစ်ခုအဖြစ် ဖျော်ဖြေမှု ပေးခဲ့တာပါ။ ဒီကစားသမား (၃)ဦးက ၂၀၁၄ ကနေ ၂၀၁၇ အတွင်း သုံးရာသီပဲ တွဲဖက် ကစားခဲ့ရပေမဲ့ မှတ်တမ်းများစွာ ရေးထိုးခဲ့ကြပါတယ်။ အဲဒီကာလတွေအတွင်း မက်ဆီက (၁၅၃)ဂိုး၊ ဆွာရက်ဇ်က (၁၂၁)ဂိုး၊ နေမာက ဂိုး(၉၀) သွင်းယူခဲ့ပြီး သုံးဦးပေါင်း သွင်းဂိုး (၃၆၄)ဂိုး ရှိခဲ့ပါတယ်။ ၂၀၁၇ နွေရာသီမှာတော့ နေမာက MSN အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို (၂၂၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့အတွက် MSN ခေတ် ကုန်ဆုံးခဲ့ပါတယ်။ လက်ရှိ ဘရာဇီးလ်ကလပ် ဂရီမီယိုမှာ ကစားနေတဲ့ လူးဝစ်ဆွာရက်ဇ်က ဘရာဇီးလ်နိုင်ငံထုတ် အားကစားမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ PLACAR နဲ့ တွေ့ဆုံရာမှာ MSN အတွဲရဲ့ အမှတ်တရတွေအကြောင်းကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။
ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်နှင့် တွေ့ဆုံခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။