ဖိုဒန်က မန်စီးတီးကြယ်ပွင့်တွေထဲမှာ ဂွါဒီ ယိုလာ အနှစ်သက်ဆုံးနဲ့ အလားအလာအရှိဆုံး ကြယ်ပွင့်တစ်ဦးဖြစ်တယ်။ ဒါကို ပရိသတ်တွေ လည်း သိကြတယ်။ ဒီရာသီမှာတော့ မန်စီးတီးရဲ့ တိုက်စစ်အပြောင်းအလဲ၊ ဂွါဒီယိုလာရဲ့ အံ့အား သင့်ဖွယ်နည်းဗျူဟာ ဆန်းသစ်မှုတွေကြားမှာ ဖို ဒန် မဆိုစလောက် ရုန်းကန်ခဲ့ရတယ်။ ၂၀၂၂က မ္ဘာ့ဖလားအပြီးမှာ ဖိုဒန်အတွက် ပွဲကစားချိန် ပို ရှားပါးလာခဲ့တယ်။ ကာတာက ပြန်လာချိန်မှာ ခြေ ချင်းဝတ်ဒဏ်ရာပါလာခဲ့ပြီး ဒဏ်ရာသက်သာချိန် မှာလည်း ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတယ်။ ဒါ ကြောင့် ကမ္ဘာ့ဖလားအပြီးကာလတွေက သူ့ရဲ့ ကစားသမားဘဝမှာ အဆိုး ရွားဆုံးအချိန်တွေလို့ ဖိုဒန် ရင်ဖွင့်ခဲ့တာပါ။
ဟော်လန်းက အထောင်တိုက်စစ်နေရာကို အပိုင်စားရထားပြီး ကျန်တဲ့တိုက်စစ်ကွက်လပ်တွေ ကို ဂရီးလစ်ရှ်၊ မာရက်ဇ်၊ ဖိုဒန်နဲ့ အယ်လ်ဗာရက်ဇ် တို့ အလှည့်ကျ ကစားရတယ်။ ဒီရာသီမှာ ဖိုဒန်က ဂရီးလစ်ရှ်၊ မာရက်ဇ်တို့ရဲ့နောက် ဒုတိယဦးစားပေး အနေနဲ့ပဲ ကစားခဲ့ရတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ နှောင်းပိုင်းကျမှ ဖိုဒန် ပုံမှန်ပြန်ကစားခွင့်ရခဲ့တာ ပါ။ ဘုန်းမောက်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြန်မြင်ခဲ့ရပြီး သွင်းဂိုး (၁)ဂိုး၊ ဖန်တီးမှု (၁)ကြိမ် လုပ်ပေးခဲ့တယ်။ တိုက် စစ်နေရာစုံမှာ ကစားနိုင်တဲ့ ဖိုဒန်ဆီကနေ မန်စီး တီးရနိုင်တာတွေ အများကြီးပါ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ပရီးမီးယား လိဂ်ပြိုင်ပွဲရဲ့ အခွင့်အရေးဖန်တီးနိုင်မှု အများဆုံး ကစားသမားစာရင်းကို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဦးဆောင်ခဲ့ တာပါ။ ပေါ် တူဂီကွင်းလယ်လူက အခွင့်အရေး ဖန် တီးမှု (၁၈)ကြိမ်၊ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါက (၁၅)ကြိမ်၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက (၁၂)ကြိမ်နဲ့ အစဉ်လိုက် ရှိခဲ့ကြ တယ်။ ဒီစာရင်းရဲ့ ထိပ်ပိုင်းနေရာမှာ ဖိုဒန်လည်း (၉) ကြိမ်နဲ့ ပါဝင်ခဲ့ပါတယ်။ အံ့အားသင့်ဖို့ ကောင်း တဲ့အချက်က ဖိုဒန်မှာ ပွဲကစားချိန် အနည်းငယ်သာ ရှိထားတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက အဲဒီထဲ က အခွင့်အရေး ဖန်တီးမှု (၇)ကြိမ်ကို ဘုန်းမောက်နဲ့ တစ်ပွဲတည်းမှာ ပြုလုပ်ခဲ့တာပါ။ ၂၀၁၄တုန်းက စီး တီးအတွက် ပွဲစဉ်တစ်ပွဲတည်းမှာ ဂျိမ်းစ်မီလ်နာ အခွင့်အရေးဖန်တီးမှု (၈)ကြိမ်လုပ်ပြီးနောက်ပိုင်း မန်စီးတီးကစားသမားတွေထဲမှာ ဖိုဒန်က အမြင့်ဆုံး စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်တယ်။
အခုနောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ် နဲ့ပွဲမှာလည်း ဖိုဒန်က သွင်းဂိုးတစ်ဂိုး သွင်းခဲ့တယ်။ (၈)ရက်အတွင်း မန်စီးတီး ကစားခဲ့တဲ့ (၃)ပွဲမှာ ဖို ဒန်အတွက် (၄)ဂိုးမြောက် သွင်းဂိုးပါ။ နယူးကာ ဆယ်နဲ့ပွဲမှာ ဒုတိယဂိုးသွင်းခဲ့တဲ့ ပေါ်တူဂီကွင်းလယ် လူ ဘာနာဒိုဆေးလ်ဗားက ဖိုဒန်ဟာ မန်စီးတီးရဲ့ ပြဿနာတချို့ကို ပြေလည်စေတဲ့သူလို့ ချီးကျူး ခဲ့ပါတယ်။ ''ဖီးလ်က အရမ်းကောင်းတယ်။ ဂိုးတွေ လည်း သွင်းနိုင်ပြီး ခင်ဗျားကို နိုင်ပွဲရအောင် လုပ် ပေးနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒဏ်ရာကြောင့် ခက်ခဲတဲ့အချိန်တွေ သူ ဖြတ်သန်း ခဲ့ရတယ်။ ကျွန်တော်တို့နဲ့အတူ အခုလို ခြေ စွမ်းပြနိုင်လို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော် တို့အသင်းရဲ့ ပြဿနာတချို့ကို ဖြေရှင်းပေးနိုင် ကြောင်း သူ ပြသခဲ့တာပါ''လို့ ဘာနာဒိုက ပွဲအ ပြီးမှာ ပြောခဲ့တယ်။
ဖိုဒန်ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်မြင်ရလို့ ဂွါဒီယို လာ ကျေနပ်နေပါလိမ့်မယ်။ ဖိုဒန်ကို သူ မယုံ ကြည်တော့ဘူးဆိုတဲ့ ကောလာဟလတွေ ကြားထားရင် မေ့လိုက်တော့လို့ သ တင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ တယ်။ အင်္ဂလန်ကြယ်ပွင့်က မန် စီးတီးအတွက် စိန်ပွင့်လိုတောက် ပပြီး အဖိုးတန်တဲ့ ရတနာလို့ ဂွါဒီယို လာ တင် စားခဲ့တယ်။ '' ဖိုဒန်ဆီက အလုပ်ကြိုးစားမှု၊ သွင်းဂိုး နဲ့ ဖန်တီးမှုတွေကို ကျွန်တော်တို့ လိုအပ် ပါတယ်။ သူက ကျွန်တော်တို့အတွက် စိန်ပွင့်လို ကစားသမားမျိုးပါ။ သူ့ရဲ့ပုံစံအမှန်ကို ပြန်မြင်နေရ ပါပြီ''လို့ ပြောခဲ့တယ်။
မန်စီးတီး အသင်းကြီးကို ဖိုဒန် စရောက်တော့ အသက် (၁၇)နှစ်ပဲ ရှိသေးတယ်။ စီနီယာကစား သမားတွေနဲ့အတူ လေ့ကျင့်ရင်း တစ်ခါတစ်ရံ (၁၀)မိနစ်လောက် ဝင်ကစားရတယ်။ အဲဒီကနေမှ (၁၅)မိနစ်၊ မိနစ် (၂၀)ကစားရတယ်။ တဖြည်းဖြည်း ပွဲကစားချိန်တွေ ပိုရလာတယ်။ သူ ဘာ လုပ်နိုင်တယ်ဆိုတာကို ပြသလာနိုင် တယ်။ တစ်ဖက်မှာ ချန်ပီယံဆုတွေနဲ့ လက်ပွန်းတတီး ဖြစ်လာတယ်။ အင်္ဂ လန်လက်ရွေးစင်အသင်းနဲ့လည်း ယူ ရို၊ ကမ္ဘာ့ဖလားလို ပြိုင်ပွဲတွေမှာ ကစားခွင့်ရခဲ့ တယ်။ ဒီတိုးတက်မှု ဖြစ်စဉ်တစ်ခုလုံးကို အနီးကပ် စောင့်ကြည့်လမ်းညွှန်ခွင့်ရထားသူက ဂွါဒီယိုလာ ပါ။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတဲ့ကစားသ မားဖြစ်လာဖို့ ဖိုဒန်ဆီကနေ တွန်းအားပေးတောင်း ဆိုခဲ့သူ ဖြစ် တယ်။
ယုံကြည်မှု ပျောက်ဆုံးနေချိန်မှာ ဘာပဲလုပ် လုပ် ခက်ခဲနေလေ့ရှိတယ်။ ဒီအချက်က ကွင်းထဲက ခြေစွမ်းကို အများကြီး သက်ရောက်စေတယ်။ အချိန်တိုင်း တိုက်စစ်ဆင်ဖို့ထက် နောက်ကို ဘော လုံးပြန်ပေးဖို့ပဲ အားသန်ခဲ့တဲ့ ဖိုဒန်က ယုံကြည်မှု ပြန်ရလာချိန်မှာ ဘာမဆို လုပ်နိုင်သူ ပြန်ဖြစ်လာ တယ်။ ကမ္ဘာ့အဆင့် ဘောလုံးအထိန်းအသိမ်း၊ ကျဉ်းထဲကျပ်ထဲမှာ သက်သောင့်သက်သာ လှုပ်ရှား နိုင်စွမ်း၊ ပြီးတော့ ဂိုးတွေ၊ ဖန်တီးမှုတွေ သူ့ဆီက ပြန်မြင်လာရတယ်။ ဆိုးရွားတဲ့အချိန်တွေ ကျော် လွန်ပြီးသွားရင် ကောင်းတဲ့အရာတွေ ပြန်ရောက် လာလိမ့်မယ်လို့ ဂွါဒီယိုလာက အမြဲတမ်းသတိပေး ခဲ့တယ်။ အဲဒါကိုရဖို့ ဖိုဒန် တစ်ဆင့်ချင်း သွားခဲ့ရ တယ်။ ဒီအချိန်မှာတော့ ခက်ခဲတဲ့ကာလတွေ နောက်မှာ ကျန်ခဲ့ပါပြီ။ ရှေ့မှာ ဘယ်လို စိတ်လှုပ် ရှားစရာတွေရှိနေမယ်ဆိုတာ ဖိုဒန်ကိုယ်တိုင် လည်း မသိနိုင်ဘူး။ အဲဒီကို တစ်ဆင့်ချင်း သွားရမယ်။ အတူတူစောင့်ကြည့်ရုံပါပဲ။