■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂၃)
လေဗာကူဆင် - ဟာသာဘာလင် (တနင်္ဂနွေည ၉း၀၀ နာရီ)
လေဗာကူဆင်အသင်း ကြားရက်မှာ ယူရိုပါလိဂ်ပွဲ ကစား ဖို့ရှိပေမဲ့ ပွဲသိပ်မကျပ်လို့ ဘွန်ဒစ်လီဂါဘက်ကို အာရုံအပြည့်စိုက် ထားလို့ရတယ်။ အိမ်ရှင် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
ဝုလ်ဖ်ဘတ် - ဖရန့်ဖတ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း နိုင်ပွဲပြန်တွေ့ထားပြီး ဖရန့်ဖတ်က တော့ အဝေးကွင်းမှာ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဝုလ်ဖ်ဘတ် မရှုံးပါဘူး။
■ ပြင်သစ်လီဂူးပွဲစဉ် (၂၆)
ထရွိုင်စ် - မိုနာကို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ထရွိုင်စ်တို့ တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ကြိုးစားနေပေ မဲ့ ရှုံးပွဲတွေဆက်ပြီး အခြေအနေဆိုးရွားနေပါတယ်။ ချန်ပီယံ လိဂ်ဝင်ခွင့်အတွက် အမှတ်လိုနေတဲ့ မိုနာကိုပဲအနိုင်ရမှာပါ။
မောင့်ပယ်လီယာ - အန်ဂါစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
မောင့်ပယ်လီယာက လတ်တလောခြေပြန်ငြိမ်နေပြီး အိမ် ကွင်းကစားရမှာဖြစ်လို့ ပုံစံကောင်းကိုဆက်ထိန်းဖို့ ကြိုးစားလာ မှာပါ။ မောင့်ပယ်လီယာပဲ နိုင်ပွဲယူပါလိမ့်မယ်။
စထရာဘိုး - ဘရက်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နှစ်သင်းစလုံးတန်းဆင်းဇုန်နဲ့ ဝေးရာကိုပြေးထွက်ရမယ့်အ ချိန်မှာ အိမ်ကွင်းကစားပုံမာတဲ့ စထရာဘိုးကိုပဲရွေးထားချင်တယ်။
Reims - အာယက်စီယို (တနင်္ဂနွေည ၈း၃၀ နာရီ)
Reims ကမျှော်လင့်ချက်ကြီးကြီးမားမားမရှိပေမဲ့ ပုံစံ ကောင်းရနေချိန်ဖြစ်လို့ အိမ်ကွင်းမှာအမှားခံမယ်မထင်ပါဘူး။ အာယက်စီယိုအဝေးကွင်းအားနည်းလို့ Reims ပဲနိုင်ပွဲဆက်မယ်။
တူးလူး - ကလယ်မွန့် (တနင်္ဂနွေည ၈း၃၀ နာရီ)
နှစ်သင်းစလုံး ဖိဖိကြီးကြီးမားမားမရှိလို့ အနိုင်ရရေးအတွက် အားကုန်ထုတ်ကြပါလိမ့်မယ်။ အိမ်ကွင်းခြေစွမ်းမာကျောတဲ့ တူးလူးတို့ အနိမ့်ဆုံးသရေကစားမှာပါ။
လိုင်ယွန် - လော်ရီယန့် (တနင်္ဂနွေည ၁၀း၃၅ နာရီ)
လိုင်ယွန်က ဥရောပဝင်ခွင့်မျှော်လင့်ချက်နဲ့ အလှမ်းဝေး နေပါပြီ။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ အမှတ်ရရေးအတွက်ကြိုးစား ဦးမှာပါ။ လော်ရီယန့်ခြေမာပေမဲ့ လိုင်ယွန်ပဲနိုင်ပွဲဆက်လိမ့်မယ်။
ရန်းစ် - မာဆေးလ် (တနင်္လာနံနက် ၂း၁၅ နာရီ)
ဒီပွဲကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် (၂)သင်းရဲ့ အားပြိုင်မှုဖြစ်ပြီး အဆင့် (၂)နေရာကမာဆေးလ်အတွက်မလွယ် ကူတဲ့ပွဲစဉ်ပါ။ ရန်းစ်က အိမ်ကွင်းအားနဲ့ကစားတဲ့အသင်းဖြစ်ပြီး တိုက်စစ်ကစားပုံလည်းကောင်းမွန်ပါတယ်။ သရေကျဖို့များတယ်။