Masters 1000 စီးရီးစ်ပွဲစဉ်များဖြစ်သည့် အင်ဒီးယန်းဝဲလ်စ်မာစတာစ် (BNP Paribas Open) နှင့် မီယာမီအိုးပင်းပြိုင်ပွဲများမှ တင်ပါးဒဏ်ရာကြောင့် နုတ်ထွက်ခဲ့သည့် စပိန်တင်းနစ်အကျော်အမော် နဒါးလ်သည် ဧပြီလ(၉)ရက်တွင် စတင်ကျင်းပမည့် မွန်တီ ကာလိုမာစတာစ်ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။
အသက် (၃၆)နှစ်ရှိပြီဖြစ်သူ နဒါးလ်သည် ပြီးခဲ့သည့်ဇန်နဝါရီလက သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်၌ အမေရိကန်တင်းနစ်သမား မက်ဒေါ်နယ်ကို အရေးနိမ့်ခဲ့သည့်ပွဲတွင် တင်ပါးဒဏ်ရာရပြီး ကတည်းက ပြိုင်ပွဲများနှင့် ကင်းကွာနေသူ ဖြစ်သည်။
"ပြန်လည်ထူထောင်ရေး၊ ကိုယ်လက်လေ့ကျင့်ခန်း၊ ဗဟိဒ္ဓကုထုံးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း စတင်ခဲ့ပါတယ်။ အကောင်းဆုံးအခြေအနေနဲ့ ပြန်လာဖို့တော့ အသင့်ရှိနေပါပြီ။ အင်ဒီးယန်းဝဲလ်စ်နဲ့ မီယာမီပြိုင်ပွဲတွေမှာ မပါဝင်နိုင်တော့လို့ ဝမ်းနည်းမိ ပါတယ်။ အဲဒီမှာ မရှိနိုင်တော့လို့ အရမ်းလည်း ဝမ်းနည်းမိပါတယ်။ ကျွန်တော့်ရဲ့အမေရိကန် ပရိသတ်တွေကို လွမ်းနေမှာပါ။ ဒါပေမဲ့ နွေရာသီအကျော် ဒီနှစ်နှောင်းပိုင်းမှာ သူတို့နဲ့ တွေ့ နိုင်ဖို့ မျှော်လင့်ပါတယ်"ဟု နဒါးလ်က ပြောကြားခဲ့သည်။