အန်ဖီးလ်မှာ (၃)မှတ် မရတာ ကြာပြီ

အန်ဖီးလ်မှာ (၃)မှတ် မရတာ ကြာပြီ
Photos: AFP
Photos: AFP
Published 4 March 2023
Wai Yan Aung

ဒီပွဲက တူညီတဲ့ မေးခွန်းတစ်ခုကို နှစ်သင်းပြိုင်တူ ဖြေဆိုရမယ့်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ အန်ဖီးလ်မှာ အမှတ်ပြည့်မရခဲ့ရင် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ။ ဒီပွဲက ပရီးမီးယားလိဂ်ပွဲ စဉ်(၂၆)အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမဲ့ ပွဲရွှေ့ဆိုင်းမှုတွေ ရှိထားတာကြောင့် နှစ်သင်းစလုံးအတွက် ပရီးမီးယားလိဂ်(၂၅)ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။ ဒီတော့ ဒီပွဲပြီးသွားရင်လည်း ရာသီအဆုံးသတ်ဖို့ နောက်ထပ်(၁၃)ပွဲ ကျန်နေဦးမှာ ဖြစ်တာကြောင့် ဒီပွဲက အဆုံးအဖြတ်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်သင်းအတွက် တစ်သင်းက အစဉ်အလာမဟာပြိုင်ဘက်တွေ ဖြစ်နေတာကြောင့် ဒီလိုထိပ်တိုက်တွေ့ဆုံချိန်မှာ နိုင်ပွဲရရှိရင် အမှတ်နှစ်ဆရသလို၊ ရှုံးနိမ့်ခဲ့ရင် အမှတ်နှစ်ဆလျော့သလို သက်ရောက်မှုရှိစေပါတယ်။ မဟာပြိုင်ဘက်ကို အနိုင်ရရင် ပိုချိုမြိန်သလို၊ မဟာပြိုင်ဘက်ကို ရှုံးနိမ့်ရင် ပိုခါးသီးတယ်လို့ ခံစားရတာကြောင့် အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အရေးပါတဲ့ပွဲလို့ ဆိုရမှာပါ။ လက်ရှိအချိန်မှာ အသင်းနှစ်သင်းရဲ့ ရည်မှန်းချက်ချင်းကတော့ ကွဲပြားခြားနားသွားခဲ့ပါပြီ။ အမှတ်ပေးပြိုင်ပွဲတစ်ခုမှာ အသင်းအားလုံး တစ်နေရာတည်းကနေ တူညီစွာ တာထွက်ခဲ့ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်လမ်းချင်းစီ ကွဲထွက်သွားကြတာဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လက်ရှိအချိန်မှာ မန်ယူအသင်းက ချန်ပီယံပြေးလမ်းထက်မှာရှိနေပြီး လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ကြိုးစားခွင့် ရှိတော့တာပါ။

 

Most Read

Most Recent