တန်ဟက်ဂ်ရဲ့ Man Management က သိပ်ပြီးချီးကျူးချင်စရာကောင်းတယ်။ ကာလတိုအတွင်းမှာ ယူနိုက်တက်ကစားသမား အားလုံးနီးပါး အသင်းအပေါ် ပြင်းထန်စွာပေးဆပ်လိုစိတ် ပူးကပ်လာအောင် စီမံနိုင်ခဲ့တာပါပဲ။ ရီးယဲလ်မှာ လိုလေးသေးမရှိအောင် ချန်ပီယံဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သူ ကက်စီမီရိုဟာ ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးလို စိတ်ဓာတ်ပြင်းထန်စွာ ပေးဆပ်ကစားပြနေတာဟာ တန်ဟက်ဂ်ရဲ့ လှုံ့ဆော်မှုတွေကြောင့်ဆိုတာ ငြင်းမရဘူး။ ပြီးတော့ အဲရစ်ဆင်၊ မာတီနက်ဇ်၊ မာလာစီယာ၊ အန်တိုနီ၊ ဗက်ဟော့စ်၊ ဆာဘစ်ဇာ စတဲ့ ကစားသမားအသစ်တွေဟာ ယူနိုက်တက်နဲ့အတူ သူတို့ရဲ့ ခေတ်သစ်ကို စတင်ချင်နေကြတယ်။ ရှိရင်းစွဲ ကစားသမားတွေထဲက ဒါလော့၊ လုခ်ရှော၊ ဗာရန်း၊ ဖရက်ဒ်စသူတို့ဟာ အသွင်သစ်တွေနဲ့ တိုးတက်လာပါတယ်။ ဂါနာချိုလို လူငယ်ကြယ်ပွင့်တွေလည်း တန်ဟက်ဂ်လက်ထဲမှာ အရောင်ပိုထွက်လာပါတယ်။ အရေးကြီးဆုံးအချက်က ယူနိုက်တက်ရဲ့အထက်မှာ ဘယ်သူမှမရှိဆိုတဲ့ မူဝါဒခိုင်မာစွာ အသက်ပြန်ဝင်လာတာပါပဲ။ ဒါကတန်ဟက်ဂ်လက်ထက် အကောင်းမွန်ဆုံး အပြောင်းအလဲပါပဲ။ အောင်ပွဲဆာလောင်စိတ်ဟာ သိပ်ပြီးမြင့်မားနေတယ်မဟုတ်လား။ တန်ဟက်ဂ်နဲ့ ယူနိုက်တက်ကြား ချစ်ခြင်း မေတ္တာဟာ အချိန်တိုအတွင်းမှာပဲ ကမ္ဘာကုန်ကျယ်အောင် မြည်ဟည်းနေခဲ့ပြီ။ တန်ဟက်ဂ်ရဲ့ မိသားစုဟာ ယူနိုက်တက် ဖြစ်နေခဲ့ပြီ။
တန်ဟက်ဂ် ဖန်ဆင်းမယ့် ယူနိုက်တက်ရဲ့ လှပတဲ့အနာဂတ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။