■ ဂန္ထဝင်မြောက်အောင်ပွဲဆီသို့ ခြေလှမ်းများ

■ ဂန္ထဝင်မြောက်အောင်ပွဲဆီသို့ ခြေလှမ်းများ
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 3 March 2023
Phoe Thar

ဥရောပဘောလုံးလောကမှာသာမက၊ ကမ္ဘာ့ဘောလုံးလောကရဲ့ ဒေသအသီးသီးမှာ Treble Champion (တစ်ရာသီအတွင်း အဓိကမေဂျာ ဆုဖလား ၃ လုံးချန်ပီယံ) ဆိုတဲ့ ဝေါဟာရ ဘောလုံးကလပ်အသင်းတိုင်းအတွက် အခမ်းနားဆုံးသော အိပ်မက်ပန်းတိုင်ပါပဲ။ ဘောလုံးရာသီတစ်ရာသီအတွင်းမှာ သက်ဆိုင်ရာထိပ်တန်းလိဂ်အမှတ်ပေး ချန်ပီယံ၊ ပြည်တွင်းရှုံးထွက်ဖလားနဲ့ တိုက်ကြီးများအလိုက် အမြင့်ဆုံးသော ရှုံးထွက်ချန်ပီယံ (ဥပမာ- ဥရောပချန်ပီယံလိဂ်၊ အာရှချန်ပီယံလိဂ်နှင့် တောင်အမေရိက ကိုပါလီဘာတာဒိုးစ် ပြိုင်ပွဲများ) ဆုတွေကို တစ်ပြိုင်နက်ရယူနိုင်တဲ့ အသင်းကသာ ဘောလုံးသမိုင်းရဲ့ ပြီးပြည့်စုံသော Treble Champion အဖြစ် သတ်မှတ်ခံရတာပါ။ တိုက်ဒေသအသီးသီးရဲ့ Treble Champion အားပြိုင်မှုတွေထဲမှာမှ ပရိသတ်အရင်းနှီးဆုံးနဲ့ တန်းဖိုးအကြီးမားဆုံး Treble Champion အဖြစ် သတ်မှတ်ရမှာကတော့ ဥရောပဘောလုံးရပ်ဝန်းဖြစ်ပြီး ပြည်တွင်းထိပ်တန်းလိဂ်အမှတ်ပေးချန်ပီယံဆု၊ ပြည်တွင်းရှုံးထွက်ဖ လားနဲ့ ဥရောပချန်ပီယံလိဂ် ချန်ပီယံဆု (၃)လုံးစလုံးကို တစ်ရာသီအတွင်း ရယူနိုင်တဲ့ အသင်းတွေသာ အငြင်းပွားဖွယ်မရှိ ဖလား (၃)လုံးချန်ပီယံအဖြစ်မှတ်တမ်းဝင်နိုင်မှာပါ။ သာမန်အရကြည့်မယ်ဆိုရင် ဥရောပထိပ်တန်းအသင်းကြီးတွေအတွက် Treble Champion အောင်ပွဲဟာ ဖြစ်တန်စွမ်း မြင့်တယ်လို့ထင်စရာရှိပေမဲ့ တကယ်လက်တွေ့မှာတော့ အတော်လေးကိုစိန်ခေါ်မှုကြီးမားလွန်းတဲ့ မှတ်တမ်းပါပဲ။ 

 

Most Read

Most Recent