ရလဒ်က ၁၉၉၉ တုန်းက အတိုင်းပဲ။ အဲဒီတုန်းကလည်း မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ရင်ဆိုင်ခဲ့ရတယ်။ လိဂ်ဖလားတော့ မဟုတ်ဘူး။ FA ဖလားဗိုလ်လုပွဲအဖြစ် ကစားရတာ။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အသင်းက သမိုင်းဝင်ဖလား (၃)လုံးအောင်မြင်မှုရဲ့ ဒုတိယမြောက်ဆုဖလားကို ရရှိခဲ့တယ်။ နယူးကာဆယ်အသင်းက ဆုဖလားတစ်လုံးကိုရဖို့အတွက် နှစ် (၃၀)ကြာအောင် စောင့်ခဲ့ရတာ။ အဲဒီရှုံးပွဲအပြီး (၂၄)နှစ်အကြာမှာ နောက်တစ်ကြိမ် ဗိုလ်လုပွဲရောက်တယ်။ (၅၄)နှစ်ကြာသွားခဲ့ပြီ။ ဆုဖလားတစ်ကြိမ်မှ မရသေးဘူး။ "ကျွန်တော်တို့ ၁၉၆၈ ကို ပြန်သွားမယ်။ အဲဒီတုန်းကလိုမျိုး ဆုဖလားကို ပြန်ယူမယ်"လို့ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ပြောတယ်။ အက်ဒီဟောင်းက ၁၉၆၉ တုန်းက ဖလားပွဲဗိုလ်လုပွဲမှာ ရှုံးခဲ့တဲ့ ဂျိုးဟာဗီးနောက်ပိုင်းကို တွက်ကြည့်ရင် ဗိုလ်လုပွဲမှာ (၅)ကြိမ်မြောက် အရှုံးသမားဖြစ်လာခဲ့တယ်။ ပျမ်းမျှအားဖြင့် နယူးကာဆယ်အသင်းဟာ (၁၀)နှစ်တစ်ကြိမ်လောက် ဖလားပွဲ တစ်ခုခုရဲ့ ဗိုလ်လုပွဲကိုရောက်တယ်။ ရှုံးတယ်။ အခုလည်း အက်ဒီဟောင်း ထပ်ရှုံးတယ်။
■ ဝေးကွာဆဲ အိပ်မက်များနဲ့ နယူးကာဆယ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။