ဘိုင်ယန်ရဲ့ အမှားကိုစောင့်နေတဲ့ ပြိုင်ဘက်တွေအကြောင်း

ဘိုင်ယန်ရဲ့ အမှားကိုစောင့်နေတဲ့ ပြိုင်ဘက်တွေအကြောင်း
Photos: AFF & Gettyimages
Photos: AFF & Gettyimages
Published 1 March 2023
Al Nino

ဘွန်ဒစ်လီဂါက ပရိသတ်တွေကို ဖျော်ဖြေမှုမပေးနိုင်၊ မဆွဲဆောင်နိုင်တော့တာကြာပြီ။ ၂၀၁၂ နောက်ပိုင်း ဘိုင်ယန်မြူးနစ်ကလွဲပြီး ဘယ်အသင်းမှ ချန်ပီယံ မဖြစ်တော့ဘူး။ ဘိုင်ယန်မြူးနစ်က (၁၀)နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းကျုံးရယူထားတယ်။ ဒါတင်မက ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြေရှိတဲ့ အသင်းတွေဆီက ကြယ်ပွင့်တွေကိုလည်း တမင်ရည်ရွယ်ပြီး ခေါ်နေတယ်ထင်ရလောက်အောင် ခေါ်ယူခဲ့ပါတယ်။ ဘိုင်ယန်က အားကောင်းသထက်ကောင်းလာချိန်မှာ ပြိုင်ဘက်တွေကတော့ အရည်အသွေး မြင့်မလာဘဲ စိန်ခေါ် သူအဆင့်နဲ့ပဲ ရာသီပြီးဆုံးသွားတာချည်း။ ဒီလိုနဲ့ အချိန်တန်ရင် ဘိုင်ယန်ပဲ ဂျာမန်ချန်ပီယံဖြစ်သွားလိမ့်မယ်ဆိုတဲ့ အယူအဆက ပိုခိုင်မာလာပြီး ပြိုင်ပွဲလည်း စိတ်ဝင်စားမှု လျော့ပါးလာတော့တာပဲ။ ဒီရာသီမှာတော့ ဘွန်ဒစ်လီဂါ ပြိုင်ပွဲက ပရိ သတ်တွေကို မြင်ကွင်းတစ်မျိုးနဲ့ ဆွဲဆောင်နေပါတယ်။ ပွဲစဉ် (၂၂)အပြီးမှာ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ အူန်ယွန်းဘာလင်တို့ (၃)သင်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ အစဉ်လိုက် ဦးဆောင်နေကြတာပါ။ ဘိုင်ယန်က ထုံးစံအတိုင်း အမှတ်ဖြတ်ပြီးမှ ပြန်ကပ်လာခဲ့တာဖြစ်တယ်။

 

Most Read

Most Recent