ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 March 2023

အာဆင်နယ် - အဲဗာတန် (ကြာသပတေးနံနက် ၂း၁၅ နာရီ)

မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းက အမှတ်ပေးဇယားရဲ့ဒုတိယနေရာကို ရောက်ခဲ့တယ်။ မန်စီးတီး နဲ့ပွဲမတိုင်ခင် ရလဒ်ဆိုးတွေရဲ့အစက အဲဗာတန်နဲ့ပွဲက စတင်ခဲ့တာဖြစ်ပြီး အဲဒီပွဲက အဲဗာတန်နည်းပြ ရှောင်ဒိုက်ရဲ့ပထမဆုံး ပွဲလည်းဖြစ်တယ်။ အခုအချိန်မှာတော့ အာဆင်နယ်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီဖြစ်သလို၊ အဲဗာတန်ကတော့ ရလဒ်တွေ ပြန်ကျဆင်းလာတယ်။ နောက်ဆုံးကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ အဲဗာတန်အသင်းရဲ့ခံစစ်ပိုင်း ပြဿနာတွေကို မြင်လိုက်ရတယ်။ လက်ရှိအာဆင်နယ်ရဲ့ ဂိုးသွင်းနှုန်းကလည်း အားရစရာသိပ်မရှိပေမဲ့ အဲဗာတန်ကို အနိုင်ယူဖို့အတွက်က တော့ အခက်အခဲမရှိနိုင်ဘူး။ မန်စီးတီးကို (၅) မှတ်ဖြတ်ဖို့ အခွင့်အရေးကို အာဆင်နယ်အသုံးချလိမ့်မယ်။ 

လီဗာပူးလ် - ဝုလ်ဗ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်အသင်းက ရီးယဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပြီးနောက် ခရစ္စတယ်ပဲလေ့စ်ကိုအဝေးကွင်းမှာ သရေ ကျခဲ့ပြန်တယ်။ ခရစ္စတယ်ပဲလေ့စ်ကို နိုင်ကို နိုင်သင့်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားနိုင်ပါလျက်နဲ့ သရေကျခဲ့တာက ချန်ပီယံလိဂ်ဝင် ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်တဲ့ လီဗာပူးလ်အတွက် အရမ်းနစ်နာတယ်။ ဒါပေမဲ့ ဒီပွဲက ခြေစွမ်းမျိုးကို ဆက် ထိန်းထားနိုင်ရင် လီဗာပူးလ်က လက်ကျန်ပွဲစဉ်တွေအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။ ဝုလ်ဗ်အသင်းက လိုပယ်တယ် ဟီလက်ထက်မှာ အားကောင်းလာတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်ကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် အန်ဖီးလ်ပွဲ မှာ လီဗာပူးလ် အမှားမလုပ်လောက်ပါဘူး။ လီဗာပူးလ်ကို ကြိုက်တယ်။ 

Most Read

Most Recent