■ FAဖလား ပဥ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ FAဖလား ပဥ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Man City
Photo: Man City
Published 28 February 2023

◘ စတုတ်စီးတီး - ဘရိုက်တန် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၁း၄၅ နာရီ)

စတုတ်စီးတီးက ပရီးမီးယားလိဂ်ပရိသတ်တွေ ရင်းနှိီးပြီးသားအသင်းပါ။ ဒီပြိုင်ပွဲမှာ မထင်မှတ်တဲ့ကျော်ဖြတ်မှုတွေ လုပ်လာခဲ့တယ်။ ဒါပေမဲ့ ဘရိုက်တန်က တော်တော်လေးအားကောင်းတဲ့အသင်းပါ။ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။

◘ လက်စတာ - ဘလက်ဘန်း (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂းဝ၀ နာရီ)

လက်စတာအသင်းက နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ မန်ယူ၊ အာဆင်နယ်တို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းကြီးတွေနဲ့ ပွဲတွေမတိုင်ခင်မှာ လက်စတာက ခြေပြန်တက်လာပြီးတည်ငြိမ်နေတာ တွေ့ရပါတယ်။ ဒီပွဲမှာလည်း ဘလက်ဘန်းလို အသင်းမျိိုးကို အနိုင်ကစားဖို့ လက်စတာအတွက် အခက်အခဲမရှိနိုင်ဘူး။

◘ ဖူလ်ဟမ် - လိဒ်စ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂း၁၅ နာရီ)

ပရီးမီးယားလိဂ်အသင်း နှစ်သင်းရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တယ်။ ဖူလ်ဟမ်အသင်းက ခြေစွမ်းနဲ့ ရလဒ်ပို်င်း ပိုတည်ငြိမ်နေပြီး လိဒ်စ်ယူနိုက်တက်ကလည်း ရလဒ်တွေမကောင်းပေမဲ့ အချိန်မရွေးပေါက်ကွဲတတ်တဲ့အသင်းမျိုး၊ တိုက်စစ်ကစားပုံ တော်တော်လေး အားကောင်းတဲ့အသင်းမျိုးပါ။ ဒါပေမဲ့ ဖူလ်ဟမ်ကွင်းမှာတော့ ဖူလ်ဟမ်ကိုပဲ ကြိုက်တယ်။

◘ ဘရစ္စတိုးလ်စီးတီး - မန်စီးတီး (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂း၃၀ နာရီ)

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ FA ဖလားပြိုင်ပွဲတွေမှာ မျှော်လင့်ခွင့်ရှိနေပြီး လက်ရှိအချိန်မှာ မျှော်လင့်ချက်အရှိဆုံးဖလားက FA ဖလားလို့ ပြောလို့ရတယ်။ ဒီဘက်နှစ်တွေမှာ မန်စီးတီးအသင်းရဲ့ FAဖလားအောင်မြင်မှုကလည်း တော်တော်လေးအားရစရာဖြစ်တယ်။ ဘရစ္စတိုးလ်စီးတီးက မန်စီးတီးအသင်းနဲ့ အဆင့်အတန်းရော၊ လူအင်အားရော အစစအရာရာကွာခြားတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာ ကစားရတာ တစ်ခုတည်းနဲ့တော့

ဒီပွဲက နေ မျှော်လင့်ချက်ထားဖို့ မလွယ်ပါဘူး။ မန်စီးတီးပဲ လွယ်လွယ်ကူကူ နိုင်သွားလိမ့်မယ်။

Most Read

Most Recent