မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်အတွင်း ကိုရင်ငယ်ငါးပါး ရေဆင်းကစားရာမှ ရေနစ်ခဲ့ပြီး လေးပါးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း တပါးမှာ ရေနစ်သေဆုံး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်အတွင်း ကိုရင်ငယ်ငါးပါး ရေဆင်းကစားရာမှ ရေနစ်ခဲ့ပြီး လေးပါးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း တပါးမှာ ရေနစ်သေဆုံး
■ ပုံစာ - ရေနစ်ခဲ့သည့် ကိုရင်ငယ်ကို ရှာဖွေမှုများ ပြုလုပ်နေစဉ်
■ ပုံစာ - ရေနစ်ခဲ့သည့် ကိုရင်ငယ်ကို ရှာဖွေမှုများ ပြုလုပ်နေစဉ်
Published 20 February 2023

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ်တွင် ဒုဌဝတီမြစ်အတွင်း ကိုရင်ငယ်ငါး ပါး ရေဆင်းကစားရာမှ ရေနစ်ခဲ့ပြီး လေးပါး ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း တပါးမှာ ရေ နစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော် မတီထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီခန့် က အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာ ရှိ ရွှေရန်လင်းမင်းကျောင်း (ဘ/က)စာသင် တိုက်မှ ကိုရင် ငါးပါးသည် ဒုဌဝတီမြစ်အတွင်း ရေဆော့နေရာမှ ငါးပါးလုံး ရေနစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေနစ်သွားသည့် ကိုရင် ငါးပါး အနက် လေးပါးအား အသက်ရှင်လျက်ကယ် ဆယ်နိုင်ခဲ့သော်လည်း ကိုရင်သြဒဿ(၁၃)နှစ်မှာရေနစ်ပျောက်ဆုံးနေသဖြင့် မြန်မာနိုင် ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)သို့ ကူညီရှာဖွေပေးရန် ဆက်သွယ်အကူအညီ တောင်းခံခဲ့ကြသဖြင့် အဖွဲ့မှ သွားရောက် ကာ ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို ညနေ ၅ နာရီ ကျော်လောက်မှာ အကြောင်းကြားတယ်။၀ိုင်း ရှာပေးဖို့ပေါ့။ ရေနစ်သေဆုံးသွားတဲ့ကိုရင် ငယ်အလောင်းကိုတော့ ဒီမနက်မှ တွေ့ တယ်” ဟု မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအ ဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီ၏ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေနစ်ပျောက်ဆုံးသွားသည့် ကိုရင်ငယ် သြဒဿ(၁၃)နှစ်၏ အလောင်းအား ဖေဖော် ၀ါရီ ၂၀ ရက် နံနက် ၇ နာရီခွဲတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

 



 

Most Read

Most Recent