PSG - တူးလူး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် ည ၁၀:၃၀ နာရီ)
ချန်ပီယံလိဂ်ပွဲတွေနီးလာပြီဖြစ်လို့ PSG တို့လီဂူးမှာ အမှတ်ရသလောက်ယူထားပြီး ထိပ်ဆုံးမှာဖိအားကင်းကင်းရပ်တည်နိုင်ရေး ကြိုးစားသွားမှာပါ။ ဒီဘက်နောက်ပိုင်းပွဲတွေမှာ PSG အသင်း နိုင်ပွဲရဖို့ရုန်းကန်ရသလိုရှိနေပေမဲ့ အိမ်ကွင်းပွဲမှာတော့ အမှားခံမယ်မထင်ပါဘူး။ ဒါပေမဲ့ တူးလူးကလည်း လက်ရှိမှာ ရလဒ်ကောင်းတွေဆက်တိုက်ယူနေပြီး တိုက်စစ်ကလည်း ကွင်းမရွေးဂိုးသွင်းခြေတွေ့နေတယ်။ ဒါကြောင့် အခု ပါရီမြေမှာလည်း တူးလူးတို့ PSG ဆီက အမှတ်ရဖို့ကြိုးစားလာမှာပါ။ ဒါပေမဲ့ ဇယားထိပ်ပိုင်းတည်မြဲရေးအတွက် အမှားခံလို့မရတော့တဲ့ PSG ကိုပဲ ရွေးထားချင်တယ်။
ထရွိုင်စ် - လိုင်ယွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက် နံနက် ၀၀:၃၀ နာရီ)
ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် ကြိုးစားနေပေမဲ့ လိုင်ယွန်ရဲ့ခြေစွမ်းတည်ငြိမ်မှုမရှိပါဘူး။ ထရွိုင်စ်က တန်းဆင်းဇုန်နဲ့အဝေးပြေးဖို့ကြိုးစားနေတဲ့အသင်းပါ။ သရေကျဖို့ များတယ်။
ရန်းစ် - လိုင်လီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၅ ရက် နံနက် ၂:၃၀ နာရီ)
ရလဒ်ယိမ်းယိုင်မှုတွေနဲ့ ရန်းစ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် စိုးရိမ်စရာဖြစ်လာတယ်။ လိုင်လီကလည်း ကွင်းမရွေးခြေမာတဲ့အသင်းပါ။ လိုင်လီ အမှတ်ရပါလိမ့်မယ်။