ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ် 

ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ် 
Published 1 February 2023

ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများကို အမိန့်အမှတ် (၆/၂၀၂၃) ဖြင့် ဖေော်ဝါရီ ၁ ရက်တွင် ပြောင်းလဲခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။ 

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်းကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ကို ဒုတိယဝန်ကြီးချုပ်များအဖြစ် ပူးတွဲခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသန်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းနောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်သော်နှင့် တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် Jeng Phang နော်တောင်တို့ကို ပြောင်းလဲခန့်အပ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent