ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ တံတားနှစ်စင်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ တံတားနှစ်စင်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ
Published 27 January 2023

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် တံတားတစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Police Force)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့၌ PDFများက တံတားနှစ်စင်းအား လက်လုပ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကား လမ်း မိုင်တိုင်အမှတ် 9KM  နှင့် 10KM ကြားရှိ သံပေါင်အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံသံကူကွန်ကရစ်အမျိုးအ စား ဒါလီချောင်းကူးတံတားအား PDF အဖွဲ့ အင်အား (စိစစ်ဆဲ)က လက်လုပ်မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အဆိုပါတံတားတွင် အလျား ၁၂ ပေ၊ အနံနှစ် ပေခန့်ရှိ အပေါက်တစ်ပေါက်နှင့် တံတားကြမ်း ခင်းကွဲအက်ပျက်စီးခဲ့ပြီး ကုန်တင်ယာဉ်ကြီး များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရ သည်။

အလားတူ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာ နှင့် ကျိုက္ကသာကျေးရွာကြား ရန်ကုန်-မော်လ မြိုင်ရထားလမ်းမိုင်တိုင်အမှတ် ၈၈ မိုင် ၂၂ ဖာလုံနှင့် ၂၄ ဖာလုံကြားရှိ တံတားအမှတ် ၄၁ ဒေသအခေါ် ခနွန်တံတားအား PDF အဖွဲ့ အင်အား (စိစစ်ဆဲ) က လက်လုပ်မိုင်းထောင် ဖောက်ခွဲ၍ အခင်းဖြစ်နေရာအနီး လက်လုပ် မိုင်းများချသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုသို့ တံတားများအား မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အ ရ သိရသည်။

Most Read

Most Recent