ပုဂံ​ မြို့ရှိ မင်းအိုချမ်းသာဘုရား ၊ ရှင်ပင်ပွင့်လင်းဘုရား နှင့် ဆုတောင်းပြည့် ရှင်အရဟံသိမ် တို့မှ ခေါင်းလောင်းများ ပျောက်ဆုံးမှု ဖြစ်ပွား

ပုဂံ​ မြို့ရှိ မင်းအိုချမ်းသာဘုရား ၊ ရှင်ပင်ပွင့်လင်းဘုရား နှင့် ဆုတောင်းပြည့် ရှင်အရဟံသိမ် တို့မှ ခေါင်းလောင်းများ ပျောက်ဆုံးမှု ဖြစ်ပွား
Published 26 January 2023

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်​​ကျေးမူမြို.တော်ရှိ ပုဂံရှေးဟောင်းယဉ်​​ကျေးမူမြို.တော်ရှိ ယနေ့ခေတ်အလှူရှင်တချိူ့ အမျှတန်းဝေရန်ခေါင်းလောင်းထိုးရန်အတွက် လှူဒါန်းထားသည့် မင်းအိုချမ်းသာဘုရား ရှင်ပင်ပွင့်လင်းဘုရား ဆုတောင်းပြည့် ရှင်အရဟံသိမ် တို့မှ ခေါင်းလောင်းများ ပျောက်ဆုံးမူဖြစ်ခဲ့သည် ဟု ရှေးဟောင်းသုတေသနဌာန နင့် အမျိူ းသားပြတိုက်ဦးစီးဌာန (ပုဂံဌာနာခွဲ) ထံမှ သိရပါသည်

" ပုဂံမှာ အခုရက် ခေါင်းလောင်း တွေ ပျောက်ဆုံး မူဖြစ်ခဲ့ပါတယ။် မင်းအိုချမ်းသာ ဘုရာနား မှာ အလှူရှင်က လှူဒါန်းချိတ်ဆွဲထားတဲ့ အခုခေတ် ခေါင်းလောင်း ပေါ့ ။ရှေးဟောင်း မဟုတ်ပါဘူး အလှူရှင်က ၂၀၁၅ မှာလှူတန်းထားတာပါ ၆နစ်ကျော်လောက် ရှိအုန်းမယ် ။ လှူထားတာက အခု ပျောက်ဆုံး ခဲ့ပါတယ်။ အဲသည်မှာက လေးမျက်နာမှာ ခေါင်းလောင်း ၄လုံးရှိတယ် ။ အရှေ့မြောက်ဘက်က အကြီးဆုံးခေါင်းလောင်း လို့ သိရပါတယ်လေးလုံးထဲမှာအကြီးဆုံးပျောက်သွားတယ် ။ ရှင့်ပင်ပွင့်လင်းဘုရားမှာလည် မနေ့က ကြားသိရတော့ သွားစစ်တော့ ပျောက်ဆုံး တာ တွေ့ရတယ် ။ အလှူရှင်က ပုဂံမြို့သစ်ကပါ ခေတ်သစ် ခေါင်းလောင်းပါ ။ ရှေးဟောင်းမဟုတ်ပါဘူး ရှင်ပင်ပွင့်လင်း က မြတ်တော်ပြေ နဲ့ ကတော့ပလ္လင် ကြား က ဘုရားလေးပါ ။ အဲသည်ကနေ ဗူးဘုရားဘက်သွားတဲ့လမ်းရဲ့ဘယ်ဘက်ခြမ်းက ဆုတောင်းပြည့်ဘုရားမှာလည် ကြေးခေါင်းလောင်း တခု ပျောက်ခဲ့ပါတယ။ ်အလှူရှင်က ထားဝယ် ကလို့သိရပါတယ် ။ အခုလောလောဆယ် ပျောက်တာတွေ့ထားတာလေးလုံးရှိပါတယ် ။ မင်းအိုချမ်းသာ ရှင်ပင်ပွင့်လင်း ဆုတောင်းပြည့် ရှင်အရဟံသိမ်ခေါင်းလောင်းတွေက ဘုရားလာရင် အလှူရှင်တွေက အမျှတန်းဝေပြီး ထု နိူင်အောင်လို့လှူထားတဲ့ယနေ့ခေတ်ကြေးခေါင်းလောင်းတွေပါ ။ ဒီနေ့မှာ ရှင်အရဟံသိမ်က ကြေးခေါင်းလောင်း ပျောက်တာသိရတယ် အလှူရှင်က ပုဂံမြို့သစ်ကပါ "လို့  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊(ပုဂံဌာနခွဲ)မှ လက်ထောက်ညွှန်မှူး ဦးဇေယျာလွင် (လုံခြုုံရေးတာဝန်မှူး) က ပြောကြားခဲ့သည်။

၂၀၂၂ခုနစ် ဧပြီလကပုဂံရှေးဟောင်းယဉ်​​ကျေးမူမြို.တော်ရှိ ဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ တို့တွင် ဘုရားဆင်းတု တော်၏ ပလ္လင်ရှိ သဲကျောက်ရုပ်တုအချို့အား ဖြုတ်ခိုးခံရမှု ဖြစ်စဉ် နဲ့ ပတ်သတ်ပြီး တရားခံ ခြောက်ဦး ကို ဖမ်းဆီးရမိမူဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ဆုံးမှုဖြစ်စဉ်များသည် ယခင်ကလည်းဖြစ်ပေါ်ခဲ့ဖူးရာ ယဉ်ကျေးမှုအမွေအနှစ်၏ တန်ဘိုး ကိုနားလည် ချစ်မြတ်နိုးသော သူများ၏ ကျေးဇူးဖြင့် ပြန်လည်ရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များလည်း ရှိကြောင်း မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ဆုံးမှု၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိမှုများ မဖြစ်စေရေးနှင့် ပျောက်ဆုံးပစ္စည်းများပြန်လည်ရရှိရေးအတွက် ပြည်သူများက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြစေ လိုပါကြောင်း သိရပါသည်

Most Read

Most Recent