သာကေတမြို့နယ် (၉)ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ 

သာကေတမြို့နယ် (၉)ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ 
Published 22 January 2023

သာကေတမြို့နယ်  (၉)ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှု ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ရတနာပုံလမ်းနှင့်ရတနာပုံ(၅)လမ်းထောင့်ရှိ ကောင်းကောင်းလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူအမျိုးသာတစ်ဦးကို အမည်မသိသေနတ်သမားများက ဆိုင်ကယ်ဖြင့်လာရောက်ကာ ပစ်ခတ်ထွက်ပြေးသွားကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

'' ည ၈ နာရီလောက်မှာ သေနတ်သံနှစ်ချက်ကြားရတယ်။ နောက်တော့မှ  ရတနာပုံ၅လမ်းထောင့်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သွားတာလို့ သိရတယ်။ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့  သေဆုံးသွားတယ် '' ဟု အနီးနေထိုင်သူများကပြောကြားသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူအမျိုးသားမှာ အသက် ၂၁ အရွယ်ဆိုသူဖြစ်ကြောင်း၊  ကောင်းကောင်းလက်ဖက်ရည်ဆိုင်တွင် လမ်းနှင့်လေးပေအကွာစားပွဲတွင်ထိုင်ပြီး ဘောလုံးပွဲကြည့်နေစဉ် ရတနာပုံလမ်းအတိုင်း အမည်မသိသေနတ်သမားနှစ်ဦးစီးလာသော ဆိုင်ကယ်က ဆိုင်ရှေ့တွင်ရပ်ပြီးသေနတ်ဖြင့်နှစ်ချက်ပစ်ခတ်ထွက်ပြေးသွားကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း (NOM) သတင်းဌာန၏ တယ်လီဂရမ် ဖော်ပြထားသည်။

 

Most Read

Most Recent