ကန်ညေးဝက်စ်နှင့် Yeezy ဒီဇိုင်နာတို့ လက်ထပ်ထိမ်းမြားခဲ့

ကန်ညေးဝက်စ်နှင့် Yeezy ဒီဇိုင်နာတို့ လက်ထပ်ထိမ်းမြားခဲ့
Photo - TMZ
Photo - TMZ
Published 15 January 2023

ရက်ပ်အဆိုတော် ကန်ညေးဝက်စ်သည် ကင်ကာဒါရှီယန်နှင့် ကွာရှင်းပြတ်စဲမှုကိုအပြီး သတ်လုပ်ဆောင်ခဲ့ပြီးနောက် နှစ်လအကြာတွင် Yeezy ဒီဇိုင်နာဘီယန်ကာ ဆန်ဆိုရီနှင့် လက်ထပ်ထိမ်းမြားခဲ့သည်ဟု သိရသည်။

အသက် ၄၅ နှစ်အရွယ် ဝက်စ်သည် ဘီယန်ကာနှင့် သီးသန့်မင်္ဂလာပွဲအခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်ပြီး မင်္ဂလာလက်စွပ် ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။

ကန်ညေးသည် မင်္ဂလာလက်စွပ် ဝတ်ဆင်ထားသည်ကို လွန်ခဲ့သည့်သီတင်းပတ်၌ ရိုက်ကူးခဲ့သည့် ဓာတ်ပုံတွင် ပထမဆုံးတွေ့ မြင်ရပြီး သတင်းအရင်းအမြစ်များ၏ပြောကြားချက်အရ ယင်းလက်စွပ်သည် မင်္ဂလာပွဲပြီးနောက် ဘီယန်ကာနှင့် ကတိကဝတ် သင်္ကေတတစ်ခုဖြစ်သည်ဟု ဆိုသည်။

မင်္ဂလာပွဲကျင်းပခဲ့သော်လည်း ၎င်းတို့ စုံတွဲသည် လက်ထပ်စာချုပ် ပြုလုပ်ရသေးဖွယ်မရှိသည့်အတွက် တရားဝင်ခြင်းမရှိသေး ဟု TMZ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦး မည်သည့်အချိန်တွင် တွေ့ ဆုံခဲ့ပြီး အချိန်မည်မျှတွဲခဲ့ကြသည်ကို ရှင်းလင်းစွာမသိရသော်လည်း ဘီယန်ကာသည် ၂၀၂၀ နိုဝင်ဘာတွင် ဝက်စ်၏ Yeezy ကုမ္ပဏီတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။

Most Read

Most Recent