ဆောင်းဟေကိုနှင့် ချာအွန်ဝူးတို့တွဲနေသည်ဟု YouTube ချန်နယ်တစ်ခုက မဟုတ်မမှန် သတင်းလွှင့်ခဲ့

ဆောင်းဟေကိုနှင့် ချာအွန်ဝူးတို့တွဲနေသည်ဟု YouTube ချန်နယ်တစ်ခုက မဟုတ်မမှန် သတင်းလွှင့်ခဲ့
Published 9 January 2023

အနုပညာသတင်းများ တင်လေ့ရှိသည့် YouTube ချန်နယ်တစ်ခုက အသက် ၄၃ နှစ်အရွယ် ဆောင်းဟေကိုနှင့် ခပ်ငယ်ငယ်မင်းသားတစ်ဦးတို့ တွဲခုတ်နေသည်ဆိုသည့် သတင်းဗီဒီယိုတစ်ခုကို ဇန်နဝါရီ ၃ ရက်က တင်ခဲ့သည်။

ယင်းဗီဒီယိုတွင် ဆောင်းဟေကိုကိုယ်တိုင်က ၎င်းထက် ၁၆ နှစ်ငယ်သည့် သရုပ်ဆောင်၊ အဆိုတော်ချာအွန်ဝူးနှင့် ဒိတ်နေသည်ကို ဝန်ခံထားသည်ဟု ဖော်ပြထားပြီး ၎င်းတို့နှစ်ဦးသည် ရိုက်ကွင်းနောက်ကွယ်တွင်ပါ တရင်းတနှှီးရှိကာ ကားတစ်စီးတည်းအတူစီးပြီး နှစ်နာရီကျော်ကြာသည့်အထိ ကားထဲမှ ထွက်မလာဟုလည်း သတင်းဖွထားသည်။

ထို့ပြင် ဆောင်းဟေကိုသည် မော်ဒယ်၊ သရုပ်ဆောင်ဂျန်ကီယောင်နှင့်လည်း ပြတ်ထားသည်မှာ မကြာသေးဘဲ ခင်ပွန်းဟောင်း ဆောင်ဂျွန်ကီ ချစ်သူသစ်ရနေသည်ကိုသိရှိကာ ၎င်းကိုယ်တိုင်လည်း နောက်ထပ်ရင်ခုန်ရမည့်သူကို ရှာနေသည်ဟု သတင်းတင်ထားသည်။ သို့သော်အခြားမီဒီယာတစ်ခုက ဇန်နဝါရီ ၃ ရက်သတင်းသည် သတင်းအမှားသာဖြစ်ပြီး အတည်မပြုနိုင်ကြောင်း၊ သတင်းထွက်လာပြီးနောက်လည်း ကာယကံရှင်နှစ်ဦးနှင့်ပတ်သက်သည့် အခြားသတင်းများ တက်မလာကြောင်း၊ ASTRO ယောကျ်ားလေးအဆိုတော် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ချာအွန်ဝူးသည် အနုပညာလောကကိုဝင်လာကတည်းက အသက်ကြီးသည့်အမျိုးသမီးများကို စိတ်ဝင်စားသည်ဟု မပြောဖူးကြောင်း ရေးတင်ထားသည်။ သရုပ်ဆောင်နှစ်ဦး၏ သက်ဆိုင်ရာအေဂျင်စီများကမူ တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိသေးပေ။

Most Read

Most Recent