ပြည်မြို့ နဝဒေးတံတားအောက်တွင် ထိုင်နေသည့် သမီးရည်းစားစုံတွဲအား ဓားဖြင့် ၁၁ ချက်အထိုးခံရပြီး ဆိုင်ကယ်လုယူခံရ

ပြည်မြို့ နဝဒေးတံတားအောက်တွင် ထိုင်နေသည့် သမီးရည်းစားစုံတွဲအား ဓားဖြင့် ၁၁ ချက်အထိုးခံရပြီး ဆိုင်ကယ်လုယူခံရ
​​​​​​​ဓားဖြင့် ၁၁ ချက်အထိုးခံရသည့် လူငယ်ကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေစဉ်
​​​​​​​ဓားဖြင့် ၁၁ ချက်အထိုးခံရသည့် လူငယ်ကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေစဉ်
Published 9 January 2023

ပြည်မြို့ နဝဒေးတံတားအောက်တွင် ထိုင်နေသည့် သမီးရည်းစားစုံတွဲအား ဓားဖြင့် ၁၁ ချက်ထိုးကာ ဆိုင်ကယ်လုယူခံရကြောင်း ပြည်မြို့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူး တိုင်းဒေသကြီး ၊ အနောက်ပိုင်း (ပြည်ခရိုင်)

ပြည် - ရန်ကုန်လမ်းမပေါ် ပြည်မြို့  နဝဒေး တံတားအောက်တွင်ထိုင်နေသော အသက် ၂၁ နှစ် အရွယ်ရှိသူ အမျိုးသား(တက္ကသိုလ် ကျောင်းသား) နှင့်  ရည်းစားဖြစ်သူ အမျိုးသမီး တို့ရှိရာ နေရာသို့ ပစ္စည်းလုမည့်  အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ ဓား ဖြင့် ဝင်ရောက်တိုက်ခိုက်၍ ဆိုင်ကယ်နှင့် ဖုန်းကို လုယက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပစ္စည်းကိုလုယူကာ ဓားဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာရရှိနေသည့် တက္ကသိုလ် ကျောင်းသားကို လမ်းသွားလမ်းလာများမှ တွေ့ရှိကာ ပြည်မြို့ လူမှုကူညီရေးအသင်းထံ သို့ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် သွား ရောက်ကူညီကာ သယ်ဆောင်ခဲ့ကြောင်း သိ ရသည်။

ဒဏ်ရာရရှိသည့် လူငယ်အမျိုးသားကို ပြည် - ရန်ကုန်လမ်းမပေါ်ရှိ ပြင်ပ ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ လမ်းသွားလမ်းလာများမှ ပို့ဆောင် ကူညီပေးထားကြောင်း၊ ဖြစ်စဉ်မှာ ရဲမှုခင်းဖြစ်နေမှုကြောင့် ၎င်းင်း ပြင်ပပုဂ္ဂလိက ဆေးရုံရှေ့တွင်.... တွေ့ရှိရသောလူနာအားအရေးပေါ်လာရောက်ကူညီပေးပါရန်  မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီ သို့ အကြောင်းကြားသဖြင့် အချိန်နှင့် တပြေး ညီသွားရောက်ကာ ကူညီခဲ့ကြောင်း ပြည်မြို့ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဓားဖြင့်အထိုးခံရသည့် လူငယ်တွင် ကျောကုန်း ၊ နောက်စေ့ ၊ လက်မောင်း ၊ ပခုံး၊ လည်ပင်း ၊ ပေါင်တို့တွင်ထိုးသွင်းဒဏ်ရာ ၁၁ ချက်ဖြင့် သွေးထွက်လွန် နေသည်ကို တွေ့ရှိ ရပြီး အမျိုးသမီးငယ်မှာလည်း လက်သန်းပြတ် ရှဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ယင်းကြောင့် ဓားဖြင့် ၁၁ ချက်အထိုးခံ ရသည့် ပြင်းထန်ဒဏ်ရာရ လူငယ်ကို သွေး ထွက်မလွန်စေရန် မြေပြင်အရေးပေါ်ကုသ

မှုပေးပြီး သွေးထိန်းပတ်တီးစီးကာ လိုအပ် သည်များကို ပြုစုကူညီပေးခဲ့ကြောင်း၊ ဆေးကုသမှုခံယူရန်အတွက်  ပြည်မြို့ကုတင်  (၅၀၀)ဆေးရုံကြီး အရေးပေါ်ဌာနသို့ကူညီပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါလူငယ်ကို ပြည်မြို့ ကုတင် (၅၀၀)ဆေးရုံကြီးရှိ ဆရာဝန်၊ ဆရာ မများနှင့် ပူးပေါင်းဆောင်ရွက်၍ဆေးကုသမှုခံယူရန်အတွက် ခွဲစိတ်ကုသဆောင်သို့ ပို့ ဆောင်ကူညီပေးခဲ့သည်ဟု ပြည်မြို့လူမှုကူညီရေးအသင်းထံမှ သိရသည်။

Most Read

Most Recent