မန္တလေးမြို့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် ကားပေါ်၌သေဆုံးနေမှုကို ဇန်နဝါရီ ၈ ရက် ညပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ် ၊ ၃၈လမ်း၊၈ရလမ်းနှင့် ၈၉လမ်းကြား တွင် ကားတစ်စီးပေါ်၌ အမည်မသိအမျိုးသားတစ်ဦးသေဆုံးနေသည်ကို မဟာ လူမှုကယ်ဆယ်ရေး အသင်းသို့ အကြောင်းကြားလာသဖြင့် ဆေးရုံသို့သယ်ယူပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ကားပေါ် ၌ အမည်မသိ လူသေအလောင်း တွေ့ရှိခြင်း နှင့် ထိုသူ ၏ မိသားစုများ သိရှိစေရန် တင်ပြခြင်း" ဆိုသည့် စာဖြင့် Honda Fit ခဲရောင် ကားအနောက်ခန်းတွင် လိုက်ကာဖြင့် အုပ်ထားသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိရပြီး သက်ဆိုင်ရာ ဌာနနှင့်အတူ လိုအပ်သည်များဆောင် ရွက်၍ ဆေးရုံကြီး ရင်ခွဲရုံဌာန သို့ ပို့ဆောင်ခဲ့ကြောင်း၊
အဆိုပါ အမည်မသိ လူသေအလောင်းမှာ ကားနောက်ခန်းတွင် လိုက်ကာအုပ်ထားခြင်း၊ကားတံခါးလော့အား ချထားခြင်း၊လည်ပင်းတွင် ဒဏ်ရာရှိခြင်း၊ ကားအတွင်း တွင် ကျောက်စိမ်းအချို့တွေ့ရခြင်း၊ ခန့်မှန်း အသက် (၃၅/၄၀)ဝန်းကျင်ရှိခြင်း၊ ကားနံပါတ်....စသည်တို့ကို ဖော်ပြရေးသားထားကာ ၎င်း၏ မိသားစုများ သိရှိစေရန် ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ပါကြောင်း" မဟာ - လူမှုကယ်ဆယ်ရေး မန္တလေးအသင်း၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားထားခဲ့သည်ကို တွေ့ရသည်။