ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာ ရန်ကုန် - မော်လမြိုင်အဝေးပြေးကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ ယာဉ်ပေါ်လိုက်ပါလာသူအမျိုးသားတစ်ဦး ကားခေါင်းခန်းအတွင်း ညှပ်၍ သေဆုံးခဲ့

ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာ ရန်ကုန် - မော်လမြိုင်အဝေးပြေးကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ ယာဉ်ပေါ်လိုက်ပါလာသူအမျိုးသားတစ်ဦး ကားခေါင်းခန်းအတွင်း ညှပ်၍ သေဆုံးခဲ့
Published 9 January 2023
ဘိုဘိုမြင့်

Photo - ကျိုက်ထိုခရိုင်မီးသတ်ဦးစီးဌာန

ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာ ရန်ကုန် - မော်လမြိုင်အဝေးပြေးကားလမ်းတွင် ဇန်နဝါရီ ၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာမှ ယာဉ်ပေါ်လိုက်ပါလာသူအမျိုးသားတစ်ဦးမှာ ကားခေါင်းခန်းအတွင်း ညှပ်၍ သေဆုံးခဲ့ကြောင်း ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဘီးလင်းမြို့နယ် ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ရော်ဘာထင်းများတင်ဆောင်ကာ မောင်းနှင်လာသည့် YGN – 6K/**** Nissan အမျိုးအစား အစိမ်းရောင် (၆) ဘီးယာဉ်မှာ ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာ မိုင်တိုင် (၁၂၂/၀) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညှပ်၍ သေဆုံးနေကြောင်း၊ အဆိုပါ ယာဉ်မောင်းအား ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာန Rescue Team နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ Area Lighting, Hydraulic Ram, Cutter များအသုံးပြုကာ ထုတ်ယူခဲ့ရကြောင်း သိရသည်။

“ယာဉ်တိုက်မှုမှာက ယာဉ်မောင်းက တိမ်းရှောင်သွားပြီးတော့၊ ယာဉ်နောက်တစ်စီးက မောင်းပြေးသွားတဲ့သဘောမျိုးဖြစ်နေတယ်။ အခင်းဖြစ်တဲ့နေရာရောက်တော့ ကားတစ်စီးတည်းတွေ့ရတယ်။ ကားခေါင်းခန်းက ကြေနေတယ်။ လူနာက ယာဉ်မောင်းနေရာဘေးက ကားခေါင်းခန်းထဲမှာ ညှပ်ပြီးသေဆုံးနေတာမျိုးတွေ့ရတယ်။ သက်ဆိုင်ရာကတော့ ယာဉ်တိုက်မှုဖြစ်ပွားပြီး မောင်းပြေးသွားတဲ့ယာဉ်ကို လိုက်လံစုံစမ်းနေတယ်လို့သိရတယ်” ဟု ကျိုက်ထိုအခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent