Netflix က The Glory Part 2 ထွက်ရှိမည့်ရက်နှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့်သတင်းများကို ပြန်လည်တုံ့ပြန်

Netflix က The Glory Part 2 ထွက်ရှိမည့်ရက်နှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့်သတင်းများကို ပြန်လည်တုံ့ပြန်
Photo: Soompi
Photo: Soompi
Published 7 January 2023

The Glory ဒရာမာ၏ အသစ်ထွက်ရှိလာမည့် ဒုတိယပိုင်းအတွက် ထွက်ရှိမည့်ရက်နှင့်ပတ်သက်၍ ထွက်ပေါ်နေသည့်သ တင်းအပေါ် ပြန်လည်တုံ့ပြန်ခဲ့သည်။

The Glory ၏ ဒုတိယပိုင်းကိုမတ် ၁၀ ရက်တွင် ထွက်ရှိမည်ဟု တရုတ်မီဒီယာတစ်ခုက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။  ယင်းသတင်း၌ခေါင်းစဉ်တွင် မတ် ၁၀ ရက်နေ့ ထွက်ရှိမည်ဟု ဖော်ပြထားသော်လည်း သတင်းစာသား၌မူ မတ် ၂၀ ရက်တွင်ထွက်ရှိမည်ဟု ဖော်ပြထားသောကြောင့် စာဖတ်သူများအား စိတ်ရှုပ်ထွေးစေခဲ့သည်။

ယင်းသတင်းနှင့် စာဖတ်သူများ၏စိတ် ရှုပ်ထွေးမှုများကို ပြန်လည်ဖြေရှင်းသည့်အနေဖြင့် Netflix ၏ကိုယ်စားလှယ်တစ်ဦးက “Part 2 ထွက်ရှိမယ့်ရက်ကို အခုချိန်ထိမဆုံး ဖြတ်ရသေးပါဘူး”ဟု ပြောကြားခဲ့ပြီး အတည်ပြုပြီးချိန်တွင် ထွက်ရှိမည့်ရက်ကို သီးခြားထုတ်ပြန်ကြေညာသွားမည်ဟု ပြောကြားခဲ့သည်။

The Glory ဇာတ်လမ်းတွဲသည် ငယ်စဉ်က ကျောင်းတွင်အကြမ်းဖက်ခံရပြီး လက်စားချေရန် ကျိန်ဆိုထားသော မိန်းကလေးတစ်ဦးက အလယ်တန်းပြဆရာမ ဖြစ်လာချိန်တွင် ၎င်းကို ငယ်စဉ်ကအနိုင်ကျင့်ခဲ့သော ကျောင်းနေဖက်၏ ကလေးဖြစ်သူတက်ရောက်သောအတန်းတွင် အတန်းပိုင်ဆရာမဖြစ်လာခဲ့သည့် ဇာတ်လမ်းဖြစ်သည်။

အတိတ်က အနိုင်ကျင့်ခံခဲ့ရမှုများအတွက် မိမိကိုယ်တိုင် ဆရာမဖြစ်အောင်ကြိုးစားပြီး တပည့်များ၏မိဘများကို ပြန်လက်စား ချေသည့်ဇာတ်ကောင်ကို ဆောင်းဟေကိုက သရုပ်ဆောင်ထားသည်။

ဆောင်းဟေကိုသည် Descendants of the Sun ဒရာမာဇာတ်လမ်းတွဲဖြင့် The Glory စာရေးဆရာ ကင်အွန်းဆော့နှင့်ယခင် က အလုပ်တူတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးသည်။

The Glory Part-1 သည် ဒီဇင်ဘာ ၃၀ ရက်တွင် ထွက်ရှိလာခဲ့ပြီးနောက် သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းတွင် ကြည့်ရှုသည့်နာရီ ပေါင်း ၂၅.၄ သန်းရှိခဲ့သည်။

ယင်းဒရာမာသည် ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကူဝိတ်၊ စင်ကာပူ၊ မော်ရိုကိုနှင့် ဟောင်ကောင်အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံ၏ ထိပ်ဆုံးဒရာမာစာရင်း ၁၀ ခုတွင်လည်း ပါဝင်ခဲ့သည်။

Most Read

Most Recent