ဂျီဆူ၏ ကိုယ်ပိုင် YouTube ချန်နယ်မှရသည့် ဝင်ငွေအားလုံးကို လှူဒါန်းမည်

ဂျီဆူ၏ ကိုယ်ပိုင် YouTube ချန်နယ်မှရသည့် ဝင်ငွေအားလုံးကို လှူဒါန်းမည်
Photo - Allkpop
Photo - Allkpop
Published 5 January 2023

BLACKPINK အဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် ဂျီဆူက ဇန်နဝါရီ ၃ ရက်တွင်ကျရောက်သည့် အသက် ၂၈ နှစ်ပြည့် မွေးနေ့တွင် ကိုယ်ပိုင် YouTube ချန်နယ်တစ်ခုစတင်လိုက်ပြီး ထိုချန်နယ်မှရလာမည့် အကျိုးအမြတ်အားလုံးကို ပရဟိတအသင်းအဖွဲ့များသို့လှူဒါန်းရန် စီစဉ်ထားသည်။

“Happiness Jisoo 103%”ဟု အမည် ပေးထားသည့် ၎င်းချန်နယ်တွင် “London Vlog”အမည်ဖြင့် ပထမဆုံးဗီဒီယိုတစ်ခုတင်ထားပြီး ကမ္ဘာလှည့်ဖျော်ဖြေနေသည့် BLACKPINK အဖွဲ့ လန်ဒန်သို့ရောက်နေချိန် ၎င်းလည်ပတ်စားသောက်ပုံများ၊ ရှိုးပွဲ မပြုလုပ်မီနှင့် ရှိုးပွဲအပြီး ၎င်း၏လှုပ်ရှားမှုများကို ရိုက်ပြထားသည်။

ကျန်အဖွဲ့ဝင်သုံးဦးစလုံး တစ်ကိုယ်တော်အယ်လ်ဘမ်များ ထွက်ရှိထားသော်လည်း ဂျီဆူက မထွက်ရသေးသည့်အတွက် ယခုနှစ်ထဲ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရန်လည်း ပြင်ဆင်နေပြီဟု အေဂျင်စီက ပြောသည်။ 

Most Read

Most Recent