Squid Game မင်းသားကြီး အိုယောင်ဆု လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြင့် တရားစွဲ ဆိုခံခဲ့ရသည်ဟု တောင်ကိုရီးယားတရားရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက် ၇၈ နှစ်အရွယ် အိုသည် ၂၀၁၇ ခုနှစ်တွင် အမျိုးသမီးတစ်ဦးအား မသင့်လျော်စွာ ထိကိုင်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိုက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်ဟု ဒေသခံမီဒီယာတွင် ဖော်ပြခဲ့သည်။
အိုသည် ယခုနှစ်အစောပိုင်းက အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့သည့် Netflix ၏ လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွဲ Squid Game တွင် ၎င်း၏သရုပ်ဆောင်မှုဖြင့် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ပို့မင်းသား ဆုကိုရရှိသည့် ပထမဆုံး တောင်ကိုရီးယား သရုပ်ဆောင်ဖြစ်လာခဲ့သည်။
ကျူးလွန်ခံရသည့် အမျိုးသမီးက လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အိုအားရဲတပ်ဖွဲ့ထံ ပထမဆုံးအကြိမ် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ယွန်ဟတ်သတင်းတွင် ဖော်ပြထားသည်။ သို့သော် အိုအား တရားစွဲဆိုခြင်းမရှိခဲ့ဘဲ ဧပြီလတွင် အမှုကိုပိတ်သိမ်းခဲ့သည်။
လက်ရှိအချိန်တွင် ကျူးလွန်ခံရသူအမျိုးသမီး၏ တောင်းဆိုချက်ဖြင့် အမှုကိုပြန်လည် ဖွင့်လှစ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေသည်ဟု ဆိုသည်။
ယင်းတရားစွဲဆိုခဲ့ပြီးနောက် ဆိုးလ်ယဉ်ကျေးမှုဝန်ကြီးဌာနက အို ပါဝင်သည့် အစိုးရ ကြော်ငြာများထုတ်လွှင့်မှုကို ရပ်တန့်ရန်ဆုံး ဖြတ်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။