The Terminal, Indiana Jones အပါအဝင် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖန်တီးရိုက်ကူးခဲ့သူ အမေရိကန်ရုပ် ရှင်ဒါရိုက်တာ စတီဗင်စပီးဘတ်ခ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင်ကျင်းပမည့် ဘာလင် ရုပ်ရှင်ပွဲတော်တွင် တစ်သက်တာထူးချွန်ဆု အဖြစ် ဂုဏ်ထူးဆောင် ရွှေဝက်ဝံဆု ချီးမြှင့် သွားမည်ဖြစ်သည်။
ထို့ပြင် စပီးဘတ်ခ်၏ ဇာတ်ကားများကို လည်း အမှတ်တရပြန်ပြသမည်ဟု ပွဲတော်စီ စဉ်သူများကပြောပြီး ၊ ၎င်းင်း၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတစ်ဝက်၊ စိတ်ကူးယဉ်တစ်ဝက် ရိုက်ထားသည့် The Fabelmans ဇာတ်ကား ကိုလည်း ပြသသွားမည်။
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၆ ရက်အထိ ပြုလုပ်မည့် ဘာလင်ပွဲတော်သည် ဥရောပ၏ ထိပ်တန်းရုပ်ရှင်ပွဲတော်သုံးခုအနက် တစ်ခုဖြစ် ပြီး နောက်နှစ်ခုက ကိန်းစ်ပွဲတော်နှင့်ဗင်းနစ် ပွဲတော်ဖြစ်သည်။
ကပ်ရောဂါနှင့်ကြုံရအပြီး ကမ္ဘာ့ရုပ်ရှင် လောကသည် နိဒါန်းသစ်တစ်ခုကို ရှာဖွေနေ ပြီး စပီးဘတ်ခ်ကပေးသည့်အရာထက် ပိုသာ သည့်အစနိဒါန်းမျိုးကို ရှာမတွေ့နိုင်ဟု ဘာလင်ရုပ်ရှင်ပွဲတော်အကြီးအကဲများက ပြော သည်။
စပီးဘတ်ခ်သည် ဟောလိဝုဒ်၏သက်ရှိ ထင်ရှား အတော်ဆုံးဒါရိုက်တာများထဲမှ တစ် ဦးဖြစ်ပြီး အော်စကာဆုသုံးဆုရထားသည်။
Schindler’s List ဖြင့် အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု ၊ saving Private Ryan ဖြင့် အကောင်းဆုံးဒါရိုက်တာ ဆုရထားပြီး ယနေ့အထိ အော်စကာဆု ၁၉ ဆု အဆိုပြုခံခဲ့ရသည်။