ဂျနီဖာလိုပက်ဇ်က အင်စတာဂရမ်ရှိ ပို့စ်အားလုံးကိုဖျက်ထားပြီး အခြားဆိုရှယ်မီီဒီယာအကောင့်များကိုလည်း ဓာတ်ပုံအမည်းပြောင်းထား

ဂျနီဖာလိုပက်ဇ်က အင်စတာဂရမ်ရှိ ပို့စ်အားလုံးကိုဖျက်ထားပြီး အခြားဆိုရှယ်မီီဒီယာအကောင့်များကိုလည်း ဓာတ်ပုံအမည်းပြောင်းထား
Photo: Life & Style
Photo: Life & Style
Published 24 November 2022

ဂျနီဖာလိုပက်ဇ်၏ ဆိုရှယ်မီဒီယာအ ကောင့်များတွင် ကာဗာနှင့် ပရိုဖိုင်ဓာတ်ပုံများ အမည်းပြောင်းထားပြီး ဖော်လိုဝါပရိသတ်  အများဆုံးရထားသည့် အင်စတာဂရမ်တွင် ပို့စ်အားလုံးကို ဖျက်ထားသည့်အတွက် ထိုသို့ လုပ်ရသည့်အကြောင်းရင်းကို ပရိသတ်များ က သိချင်နေကြသည်။

ဂျေလို၏ အင်စတာဂရမ်အကောင့်တွင်  ဖော်လိုဝါ ၂၂၆ သန်းရှိပြီး ၎င်းင်း၏ဆိုရှယ်မီဒီ ယာအကောင့်များအနက် ဖော်လိုဝါအများ ဆုံးဖြစ်သည်။ သို့သော်နိုဝင်ဘာ ၂၂ ရက် နှောင်းပိုင်းတွင် အင်စတာဂရမ်ရှိပို့စ်အားလုံး မရှိတော့ဘဲ ပရိုဖိုင်ပုံကိုလည်း အမည်းရောင် ပြောင်းထားသည်။

ဂျေလို၏တွစ်တာအကောင့်တွင်မူ ဖော် လိုဝါ ၄၅ သန်းခွဲရှိပြီး Tik Tok အကောင့်တွင်   ၁၅ ဒသမ ၄ သန်းရှိကာ ထိုအကောင့်နှစ်ခု ကိုလည်း ပရိုဖိုင်ပုံအမည်းရောင်ပြောင်းထား သည်။သို့သော်ပို့စ်များ ဖျက်ထားခြင်းမရှိပေ။

ဖော်လိုဝါသန်း ၆၀ ရှိသည့် Facebook  အကောင့်တွင်လည်း ပရိုဖိုင်ပုံနှင့်ကာဗာပုံကို jennifer lopez စာတန်းပါဓာတ်ပုံ ပြောင်း တင်ထားသည်။ ဘာကြောင့် ထိုအပြောင်း အလဲများလုပ်ထားသည်ကို vareity မီဒီယာ က ဆက်သွယ်မေးမြန်းသော်လည်း ဂျေလို ဘက်မှ ပြောဆိုခွင့်ရှိသူက မဖြေကြားခဲ့ပေ။

ယခုကဲ့သို့လုပ်ရပ်မျိုးကို ယခင်ကလည်း အနုပညာရှင်များ ပြုလုပ်လေ့ရှိသည်။ များ သောအားဖြင့် ထူးခြားမှုတစ်ခု၊ ကြေညာချက် တစ်ခုခုကို ကြေညာခါနီးတွင် ပြုလုပ်တတ် သည်။

အချို့ပရိသတ်များကလည်း ထိုအချက် ကို သိကြသည့်အတွက် “ဂျေလိုက ကြီးကြီးမား မားကိစ္စတစ်ခုကို သေချာပေါက်ကြေညာ တော့မှာပဲ။ စိတ်ပူစရာမဟုတ်ပါဘူး” ဟုမှတ် ချက်ပေးကြသည်။

ဂျေလိုသည် AKA အမည်ဖြင့် ၂၀၁၄ ခုနှစ်က တေးအယ်လ်ဘမ်နောက်ဆုံးထွက် ထားပြီး Marry Me  ဇာတ်ကားတွင် ပါဝင်ခဲ့ ကာ ဒီဇင်ဘာတွင်ထွက်ရှိမည့် shotgun wedding ဇာတ်ကားတွင်လည်း ပါဝင်ထား သည်။

ထို့ပြင် the mother  အမည်ရှိ အက်ရှင် ဇာတ်ကားတွင် လုပ်ကြံသမားနေရာမှ ဂျေလို ကပါဝင်ထားသေးပြီး ၎င်းင်းဇာတ်ကားကို၂၀၂၃  ခုနှစ်တွင် netflix မှ ထုတ်လွှင့်ပြသမည် ဖြစ် သည်။ဂျေလိုသည် သရုပ်ဆောင်ဘင်အက် ဖလက်ခ်နှင့် လက်ထပ်ထားသည်။

Most Read

Most Recent