ရုရှားနိုင်ငံတွင်ကျင်းပသော (၁၂) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ရုရှားနိုင်ငံတွင်ကျင်းပသော (၁၂) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Published 24 November 2022

ရုရှားနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် (၁၂) ကြိမ်မြောက် နျူကလီး ယားနည်းပညာအခြေခံသည့် ဆန်းသစ်တီ ထွင်မှုဖိုရမ် (၂၀၂၂) (XII International Forum ATOMEXPO 2022) ဖွင့်ပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sirius Park of Science and Art & Sd Atom ခန်းမတွင် ပြုလုပ်သည့်မျက်နှာစုံညီ အစည်းအဝေး (Plenary SeQion) တွင် ‘Nuclear Spring: creating sustainable future’ ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုကို တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Rosatom ၏ အကြီးအကဲဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့် သီးခြားတွေ့ဆုံ၍ အသေးစားရေအားလျှပ်စစ်၊ လေအား၊ Nuclear Power Plant (SMR)

နှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး Non Disclosure Agreement ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခု Forum တွင်ဘီလာရုစ်၊ ဇင်ဘာဘွေ၊ ဘူရန်ဒီ၊ မြန်မာ၊ ဥဇဘက်ကစ္စတန် စသည့် နိုင်ငံများနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ATOMEXPO FORUM ကို ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ကျင်းပဆောင်ရွက်ခဲ့သည့် နိုင်ငံတကာနျူကလီးယားအဖွဲ့အစည်းများဖြစ်သော IAEA နှင့် ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့် အာဖရိကနိုင်ငံအသီးသီးမှ အလေးထား တက်ရောက်သော Forum တစ်ခုလည်း ဖြစ်ကာ Nuclear Power မှ ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူပြောင်းရေး ရည်မှန်းချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Forum သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ နျူကလီးယားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲများတွင် Program ပေါင်း ၄၀ ကျော်သို့ လူဦးရေ ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

Most Read

Most Recent