တောင်ကိုရီးယား အနုပညာဇနီးမောင်နှံဖြစ်သည့် ဟွမ်ဘင်းနှင့် ဆွန်ရီဂျင်တို့က ဒီဇင်ဘာလတွင် ၎င်းတို့၏သားဦးလေးကို မွေး ဖွားလိမ့်မည်ဖြစ်ကြောင်း ဆွန်ရီဂျင်၏အေဂျင်စီက အောက်တိုဘာ ၂၈ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
“ဆွန်ရီဂျင်ဟာ လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်နေပါတယ်။ သူဟာ သားဦးလေးကို မွေးဖွားဖို့အတွက် တည်တည်ငြိမ်ငြိမ် နဲ့ ပြင်ဆင်နေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် မတ်လက ၎င်းတို့စုံတွဲလက်ထပ် ထိမ်းမြားခဲ့ပြီးနောက် ဆွန်ရီဂျင်သည် ကိုယ်ဝန်လွယ်ထားရကြောင်း ဇွန်လက ထုတ်ပြန် ကြေညာခဲ့သည်။
၎င်းတို့နှစ်ဦး လက်ထပ်ထိမ်းမြားချိန်က လူအများ၏ ချစ်ခင်အားပေးမှုများကို တစ်ခဲနက် ရရှိခဲ့ကြသည်။ လက်ရှိတွင် ၎င်းင်းတို့စုံတွဲသည် မိသားစုနှင့် သူငယ်ချင်းများ၏ အားပေးမှုဖြင့် သားဦးလေးမွေးဖွားရန် ပြင်ဆင်နေဖွယ်ရှိသည်။
ဆွန်ရီဂျင်သည် ၎င်း၏ မီးမဖွားမီစောင့်ရှောက်မှုကို အာရုံစိုက်နေပြီး ဟွမ်ဘင်းကမူ ၎င်း၏ရုပ်ရှင်သစ် Confidential Assigment 2 အတွက် မကြာသေးမီက ကြော်ငြာပေးနေသည်ဟု သိရသည်။