■  ဘာစီလိုနာအသင်းမှ ထွက်ခွာရန် အန်ဆူဖာတီ ဆန္ဒရှိနေ     

■  ဘာစီလိုနာအသင်းမှ ထွက်ခွာရန် အန်ဆူဖာတီ ဆန္ဒရှိနေ     
Photo: Getty Images
Photo: Getty Images
Published 28 October 2022

ဘာစီလိုနာအသင်း၏ ဆယ်ကျော်သက်တိုက်စစ်ကြယ်ပွင့် အန်ဆူဖာတီသည် အသင်းမှ ထွက်ခွာရန်ဆန္ဒရှိနေကြောင်း သိရသည်။ 

အန်ဆူဖာတီသည် ယခုရာသီ ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရရာ ပထမကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပါက အပြောင်းအလဲပြုလုပ်လိုသည်ဟု အေးဂျင့်ဖြစ်သူကို ပြောကြားခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ဘာစီလိုနာအသင်းသည် ယခုရာသီတွင် တိုက်စစ်ကစားသမားအများအပြားကို ခေါ်ယူထားပြီး အန်ဆူဖာတီကို အချိန်ပိုင်း သာ အသုံးပြုနေသည်။ 

ထို့ကြောင့် အန်ဆူဖာတီက ၎င်း၏အနာဂတ်အတွက် အေးဂျင့်နှင့် ဆွေးနွေးတိုင်ပင်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် အန်ဆူဖာတီကို ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း(၁၀၀၀)တန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားသည်။

Most Read

Most Recent