Mrs Universe Myanmar 2022 မေသင်းကြည်အား စလွယ်နှင့် သရဖူပေးအပ်ခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် Mrs Universe Myanmar Myanmar Organization မှ တာဝန် ရှိသူများနှင့် အိမ်ထောင်ရှင်အလှမယ်များ၊ အကယ်ဒမီချိုပြုံးနှင့် သရုပ်ဆောင်လှမျိုးသဥ္ဖာနွယ်တို့လည်း တက်ရောက်ခဲ့ကြသည်။ ယင်းပွဲတွင် Mrs Universe 2019 အလှမယ်နှင့် Organization ၏တာဝန်ရှိသူဖြစ်သူ ဟန်နီချိုက Mrs Universe Myanmar 2022 မေသင်းကြည်အား စလွယ်နှင့်သရဖူ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဆုရွေးချယ်ခြင်း အကြောင်းများကိုလည်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် အလှမယ်မေသင်းကြည် အတွက် အကယ်ဒမီများရှင် ချိုပြုံးနှင့် အိမ်ထောင်ရှင်အလှမယ် အေမီဇင်ဝင်းတို့က မေ သင်းကြည်အတွက် ဝမ်းမြောက်အားပေး စကားများပြောကြားခဲ့ကြသည်။
“ မေသင်းကို အခုလို မြန်မာကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိအောင် ရွေးချယ်ပေးတဲ့ Organization က တာဝန်ရှိ သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပြီး မေသင်း အခုလို ဝင်ပြိုင်နိုင်တာက မိသားစုတွေရဲ့ ခွင့်ပြုပေးပေးလို့ဖြစ်လာတာမို့ ကိုယ့်ရဲ့ မိသားစုတွေအပြင် လုပ်ငန်းခွင်ထဲက မိသားစုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မေသင်းအနေနဲ့ ဒီဆုကနေပြီးရလာတဲ့ ထင်ပေါ်မှုနဲ့အတူ အကျိုးပြုလုပ်ငန်းတွေကိုလည်း ပိုပြီးအားစိုက်လုပ်ကိုင်သွားပါ့မယ်။ နိုင်ငံတကာပြိုင်ပွဲမှာဆိုရင်လည်း မေသင်းကြည်အနေနဲ့မဟုတ်ပဲ မြန်မာအိမ်ထောင်ရှင်အမျိုးသမီးတွေ၊ မြန်မာမိခင်တွေ၊ မြန်မာအမျိုးသမီးအားလုံးရဲ့ ကိုယ်စားသွားရောက်ယှဉ်ပြိုင်မှာပါ။ အဲဒီအတွက် တာဝန်ကြီးသလိုလည်း အ များကြီးလည်းကြိုးစားသွားမှာဖြစ်လို့ မေသင်းကိုလည်း အားပေးဝန်းရံပေးကြပါဦး” ဟု Mrs Universe Myanmar 2022 မေသင်း ကြည်က ဆိုသည်။
Mrs Universe 2022 ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံတွင် လာမည့် ဒီဇင်ဘာလ၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားပြု အလှမယ်များပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။