ထိုင်းဝန်ကြီးချုပ်ရာထူးမှဆိုင်းငံ့ခံခဲ့ရသည့် ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်ပြန်လည်ရုံးထိုင်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမှတ်

ထိုင်းဝန်ကြီးချုပ်ရာထူးမှဆိုင်းငံ့ခံခဲ့ရသည့် ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်ပြန်လည်ရုံးထိုင်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမှတ်
Published 30 September 2022

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည့် ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရုံးထိုင်နိုင်ကြောင်း  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စက် တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သည့် သက်တမ်းကာလနှင့်ပတ်သက်သည့် အမှုကို စစ်ဆေးနေချိန်တွင် ပြီးခဲ့သည့်လက ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည့် ပရာယွတ်သည် ဝန်ကြီးချုပ်တစ်ဦးအတွက် တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသတ်မှတ်ချက်ဖြစ်သည့် ရှစ်နှစ် ထက် ပိုမိုကျော်လွန်ခြင်းမရှိသေးကြောင်း ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက စီရင် ချက်ချမှတ်ခဲ့သည်။

ပရာယွတ် ချန်အိုချာအနေဖြင့် ၎င်း၏ ရာထူးကို ဆက်လက်ထမ်းဆောင်ရန်အတွက် တရားဝင် သက်တမ်းကန့်သက်ချက်ကို ရောက်ရှိနေခြင်းရှိမရှိ ဆုံးဖြတ်ပေးရန် အတိုက်အခံ လွှတ်တော်အမတ်များက တင်သွင်းခဲ့သည့် အသနားခံလွှာကို စစ်ဆေးကြားနာရန် ခုံရုံးကသဘောတူညီခဲ့ပြီးနောက် သြဂုတ် ၂၄ ရက်တွင် ချန်အိုချာကို ရာထူးမှ ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

ယခုတွင် ခုံရုံးက ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းသည် ရှစ်နှစ်ထက်ကျော်လွန်ခြင်းမရှိကြောင်း ဆုံးဖြတ်ခဲ့ကာ ၎င်းကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရုံးထိုင်နိုင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent