အောက်တိုဘာ ၁ ရက်မှစ၍ ဗန္ဓုလခရီးသည်သယ်ယူပို့ဆောင်ရေးအောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထား ပြောင်းလဲကောက်ခံမည်

အောက်တိုဘာ ၁ ရက်မှစ၍ ဗန္ဓုလခရီးသည်သယ်ယူပို့ဆောင်ရေးအောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထား ပြောင်းလဲကောက်ခံမည်
Published 27 September 2022

အောက်တိုဘာ ၁ ရက်မှစ၍ ဗန္ဓုလခရီးသည်သယ်ယူပို့ဆောင်ရေးအောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထား ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ယာဉ်စီးခပြောင်းလဲကောက်ခံမည့် ယာဉ်လိုင်းများမှာ YBS 12၊ YBS 13၊ YBS 14 ၊ YBS 25 ၊ YBS 30၊ YBS 38၊ YBS 55 ၊ YBS 117၊ YBS 128 ယာဉ်လိုင်းများဖြစ်ကြောင်း သိရသည်။

ယာဉ်စီးခနှုန်းထားပြောင်းလဲရာတွင် YBS 12 ယာဉ်လိုင်းအနေဖြင့် ငွေသားဆိုပါက မ/ဒဂုံ(၅၀)ကွေ့မှ စာတိုက်(တ/ဥက္ကလာ)အထိ ၂၀၀ ကျပ်၊ ခရီးစဉ်(စ/ဆုံး)၃ဝဝကျပ်နှင့် YPSကတ်ဆိုပါက မှတ်တိုင် ၂၂ ခုအတွက် ၂၀၀ ကျပ်နှင့်ခရီးစဉ်(စ/ဆုံး) ၂၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။

YBS 13 အနေဖြင့် ငွေသားဆိုပါက ပုံသေ ၂၀၀ ကျပ်နှင့်YPS ကတ်ဆိုပါက ၁၇ မှတ်တိုင်အထိ ၁၄ဝကျပ်၊ ၁၇ မှတ်တိုင်ကျော်ပါက ၁၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် YBS 14 အနေဖြင့် ခရီးစဉ်တစ်ဝက်အတွက် ငွေသားဆိုပါက ပုံသေ ၂၀၀ ကျပ်နှင့်YPS ကတ်ဆိုပါက ၂၄ မှတ်တိုင်အထိ ၁၄၀ ကျပ်၊ ခရီးစဉ်(စ/ဆုံး) ၁၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အလားတူ YBS 25၊ YBS 30၊ YBS 38၊ YBS 55၊ YBS 117၊ YBS 128 ယာဉ်လိုင်းများတွင်လည်း ယင်းကဲ့သို့ ခရီးစဉ်တစ်ဝက်နှင့် (စ/ဆုံး) ယာဉ်စီးခနှုန်းများကို ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent