■ လွန်ခဲ့သည့် (၂၂)နှစ်ကအတိုင်း မပြောင်းလဲဘဲ အောင်ပွဲများရယူရန် စိတ်အားထက်သန်နေဆဲဖြစ်ပြီး အနားမယူလိုသေးကြောင်း မော်ရင်ဟို ပြောကြား

■ လွန်ခဲ့သည့် (၂၂)နှစ်ကအတိုင်း မပြောင်းလဲဘဲ အောင်ပွဲများရယူရန် စိတ်အားထက်သန်နေဆဲဖြစ်ပြီး အနားမယူလိုသေးကြောင်း မော်ရင်ဟို ပြောကြား
Photo : Twitter
Photo : Twitter
Published 27 September 2022

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက သူသည် လွန်ခဲ့သည့် (၂၂)နှစ်ကအတိုင်း မပြောင်းလဲသေးဘဲ အောင်ပွဲများရယူရန် စိတ်အားထက်သန်နေဆဲဖြစ်ပြီး အနားယူရန်အတွက် မစဉ်းစား သေးကြောင်း ပြောကြားခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အသက် (၆၀)ပြည့်မည့် မော် ရင်ဟိုသည် လက်ရှိအချိန်၌ ရိုးမားနည်းပြအဖြစ် ပျော်ရွှင်နေကြောင်းလည်း ပြောကြားခဲ့သည်။

မော်ရင်ဟိုက အနားယူမည့်အစီအစဉ်နှင့် ပတ်သက်၍ ''(၂၂)နှစ်ဆိုတဲ့အချိန်ဟာ ခဏလေးကုန်ဆုံးသွားသလိုပါပဲ။ ကျွန်တော် ရှေ့ဆက်ချင်နေပါသေးတယ်။ ကျွန်တော့်ခံစားချက်တွေ ကောင်းမွန်နေသလို၊ သန်မာနေဆဲပါ။ စိတ်အားထက်သန်မှုလည်း ရှိနေပါတယ်။ ကျွန်တော်က အောင်ပွဲတွေကို နှစ်သက်ပါတယ်။ ရှုံးနိမ့်ရတာ သိပ်ပြီးမုန်းတီးပါတယ်။ အဲဒီခံစားချက် တွေဟာ မပြောင်းလဲသေးဘူး။ ကျွန်တော့်ရဲ့ ဆံပင်တွေ ဖြူနေပေမဲ့ ရှေ့ ဆက်သွားပါဦးမယ်။ နောက်ထပ် (၂၂) နှစ်ဆိုတာ မဖြစ်နိုင်ပေမဲ့ ကျွန်တော်  နှစ်အနည်းငယ် ဆက်ရှိချင်ပါသေး တယ်''ဟု ပြောကြားခဲ့သည်။

■ မော်ရင်ဟိုပိုင်ဆိုင်ခဲ့သည့် ဆုဖလားများ

ပေါ်တို        (၂၀၀၂-၀၄)    -    လိဂ်ဖလား (၂) ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်၊ ယူရိုပါလိဂ် (၁) ကြိမ်၊ ပြည်တွင်းဖလား (၂) ကြိမ်

ချယ်လ်ဆီး        (၂၀၀၄-၀၇)    -    လိဂ်ဖလား (၂) ကြိမ်၊ ပြည်တွင်းဖလား (၄)ကြိမ်

အင်တာမီလန်    (၂၀၀၈-၁၀)    -    လိဂ်ဖလား (၂) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်၊ ပြည်တွင်းဖလား (၂) ကြိမ်

ရီးယဲလ်        (၂၀၁၀-၁၃)    -    လိဂ်ဖလား (၁) ကြိမ်၊ ပြည်တွင်းဖလား (၂) ကြိမ်

ချယ်လ်ဆီး        (၂၀၁၃-၁၅)    -    လိဂ်ဖလားနှင့် ပြည်တွင်းဖလား (၁)ကြိမ်စီ

မန်ယူ        (၂၀၁၆-၁၈)    -    ပြည်တွင်းဖလား (၂) ကြိမ်၊ ယူရိုပါလိဂ် (၁)ကြိမ်

ရိုးမား        (၂၀၂၁- လက်ရှိ)    -    ယူရိုပါကွန်းဖရန့်လိဂ် (၁)ကြိမ်

Most Read

Most Recent