■ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဘာစီလိုနာအသင်းမှ ဖရန်ကီဒီယွန်းနှင့် ဒမ်ဘီလီတို့အပါအဝင် အဓိက ကစားသမား (၅)ဦးအထိ ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရ

■ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဘာစီလိုနာအသင်းမှ ဖရန်ကီဒီယွန်းနှင့် ဒမ်ဘီလီတို့အပါအဝင် အဓိက ကစားသမား (၅)ဦးအထိ ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရ
Photo : Marca
Photo : Marca
Published 27 September 2022

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာပွဲစဉ်များအတွင်း ဘာစီလိုနာအသင်းမှ ကွင်းလယ်လူ ဖရန်ကီဒီယွန်း နှင့် တောင်ပံကစားသမား ဒမ်ဘီလီတို့ အပါအဝင် အဓိကကစားသမား (၅)ဦးအထိ ဒဏ်ရာပြဿနာများနှင့်ကြုံတွေ့ခဲ့ရပြီး အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေကြောင်း စပိန်မီီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းမှ ပြင်သစ်နောက်ခံလူ ခွန်ဒဲ၊ ဥရုဂွေးနောက်ခံလူ အာရူဟို၊ နယ်သာလန်တိုက်စစ်မှူး ဒီပိုင်း၊ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းနှင့် ပြင်သစ်တောင်ပံကစား သမား ဒမ်ဘီလီတို့သည် သက်ဆိုင်ရာလက်ရွေးစင်အသင်းများနှင့် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားစဉ်အတွင်း ဒဏ်ရာပြဿနာများအသီးသီး ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကစားသမား (၅)ဦးထဲတွင် နောက်ခံလူ ခွန်ဒဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အခြားနောက်ခံလူတစ်ဦးဖြစ်သည့် အာရူဟို မှာ ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် ယင်းကစားသမား (၂)ဦး အနားယူရမည့်ကာလကို အတိအကျထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း အနည်းဆုံး (၄)ပတ်မှ (၆) ပတ်အထိ အနားယူရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် ယခုတစ်ပတ် နိုင်ငံတကာပွဲစဉ်များအပြီးကာလ လာမည့်(၃၈)ရက်အတွင်း ပြိုင်ပွဲစုံ (၁၂)ပွဲအထိကစားရန်ရှိနေပြီး၊ ယခုကဲ့သို့ အသင်းအဓိက ကစားသ မားများ ဒဏ်ရာရခဲ့ခြင်းမှာ ပွဲကျပ်၊ ပွဲ ဆက်ကာလကို ဖြတ်သန်းရရန်ရှိနေသည့် ဘာစီလိုနာအတွက် စိန်ခေါ်မှုပိုမို ကြီးမားလာနိုင်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent