■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Gettimages
Photo : Gettimages
Published 27 September 2022

■ ပေါ်တူဂီ - စပိန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

စပိန်အသင်းရဲ့မထင်မှတ်တဲ့ရှုံးပွဲကြောင့် ပေါ်တူဂီအသင်းက သရေကစားရုံနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးပိုကောင်းသွားတယ်။ လက်ရှိအသင်းတည်ဆောက်ပုံအရလည်း ပေါ်တူဂီက နှာတစ်ဖျားသာနေတယ်။ စီရော်နယ်လ်ဒိုနေရာ တိုက်ရိုက်အစားထိုးဖို့ မလွယ်သေးတာ၊ ခံစစ်အတွင်းတစ်နေရာ အားနည်းချက်ရှိတာကလွဲလို့ ကျန်တဲ့နေရာတွေမှာ (၂)ယောက်စာလောက် အရန်သင့်ရှိပါတယ်။ စပိန်ကတော့ ကလပ်အသင်းတွေမှာ ပုံမှန်အာမခံချက်မရှိတဲ့ ဖယ်ရန်တောရက်စ်၊ ဆာရာဘီယာတို့ကို အားထားကစားနေရတဲ့ တိုက်စစ်ပိုင်းနဲ့တော့ မစွံပါဘူး။ ပေါ်တူဂီအသင်းအဖို့ သရေသာလိုပေမဲ့ အိမ်ကွင်းလည်းဖြစ်လို့ အနိုင်ကစားဖို့များပါတယ်။

■ ဆွစ်ဇာလန် - ချက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

စပိန်အသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တာက ဆွစ်ဇာလန်အဖို့  အလှည့်အပြောင်းဖြစ်ခဲ့တယ်။ ဆွစ်ဇာလန်အဖို့တန်းဆင်းဇုန်အန္တရာယ်က လွတ်မြောက်ဖို့ အမှတ်တစ်မှတ် သာလိုပေမဲ့ အိမ်ကွင်းပရိသတ်ရှေ့မှာ ပိုပြီးအားထုတ်ကစားနိုင်တယ်။ စပိန်၊ ပေါ်တူဂီတို့လို ထိပ်သီးအသင်းတွေကို ဆက်တိုက်အနိုင်ထားတာဖြစ်လို့ ဆွစ်ဇာလန် စိတ်ဓာတ်ပိုင်း ပိုပြီးမြင့်တက်နေနိုင်တယ်။ အိမ်ရှင်ဖြစ်တဲ့ ဆွစ်ဇာလန်ကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

■ ယူကရိန်း - စကော့တလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ယူကရိန်းက အနိုင်ယူခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်က ပထမအကျော့မှာတော့ စကော့တလန်က ဂိုးပြတ်အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ စကော့တလန်က ပထမအကျော့ ရလဒ်ကြောင့် Head to Headအရ အခုပွဲ (၃)ဂိုးပြတ် မရှုံးရင် League A ကို တန်းတက်ခွင့်ရမှာပါ။ ယူကရိန်းကစားသမားတွေက စိတ်အားထက်သန်ပေမဲ့ ပွဲနည်းနေတာ ပြဿနာရှိပါတယ်။ ကြားကွင်းဖြစ်တဲ့ ပိုလန်မြေမှာ စကော့တလန် သရေတော့ ရလိမ့်မယ်။

■ နော်ဝေ - ဆားဘီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

နော်ဝေအသင်းက ဟော်လန်းနဲ့ ဆားဘီးယားက မီထရိုဗစ်တို့က ကလပ်မှာရော နိုင်ငံအသင်းမှာပါ ခြေစမ်းပြဂိုးတွေ သွင်းနေတယ်။ Head to Headအရ နော်ဝေအသင်း သရေကျ ရင်ပဲ League A ကို တန်းတက်ခွင့်ရမှာပါ။ ဆားဘီးယားနဲ့ စွန့်စားတာပိုကောင်းမယ်။

■ ဆွီဒင် - ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

ဆွီဒင်အသင်းက အနိုင်ကစားမှ League C ကို တန်းဆင်းရမယ့်အန္တရာယ်ကနေ လွတ်မြောက်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆွီဒင်အသင်းက Form ပျက်နေပေမဲ့ အိမ်ကွင်းမှာတော့ အနိုင်ကစားဖို့များတယ်။

■ အယ်လ်ဘေးနီးယား - အိုက်စလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

အယ်လ်ဘေးနီးယားနဲ့ အိုက်စလန်တို့ကစားမယ့် အခုပွဲက ရလဒ်ပိုင်းအရ အရေးမပါတော့ဘူး။ အိမ်ရှင်ကိုပဲ ရွေးချယ်ထားသင့်တယ်။

■ အခြားပွဲစဉ်များ

အိုင်ယာလန်    -    အာမေးနီးယား*    (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

ဂရိ        -    မြောက်အိုင်ယာလန်*    (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

ကိုဆိုဗို        -    ဆိုက်ပရပ်စ်*    (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

Most Read

Most Recent