ကမ္ဘာအနီးမှ ဖြတ်သန်းသွားသည့် Dimorphos ဂြိုဟ်သိမ်ကို နာဆာက DART အာကာသယာဉ်ဖြင့် ဝင်တိုက်၍ လမ်းကြောင်းလွှဲမှု အောင်မြင်

ကမ္ဘာအနီးမှ ဖြတ်သန်းသွားသည့် Dimorphos ဂြိုဟ်သိမ်ကို နာဆာက DART အာကာသယာဉ်ဖြင့် ဝင်တိုက်၍ လမ်းကြောင်းလွှဲမှု အောင်မြင်
DART အာကာယာဉ် ဝင်မတိုက်မီ Dimorphos ဂြိုဟ်သိမ်ကို စက်တင်ဘာ ၂၆ ရက်တွင် အနီးကပ်မြင်ရပုံ (Photo-AFP)
DART အာကာယာဉ် ဝင်မတိုက်မီ Dimorphos ဂြိုဟ်သိမ်ကို စက်တင်ဘာ ၂၆ ရက်တွင် အနီးကပ်မြင်ရပုံ (Photo-AFP)
Published 27 September 2022
Ref:AFP

စကြဝဠာဝရာဆိုင်ရာအရာဝတ္ထုများက ကမ္ဘာပေါ်ရှိသက်ရှိများ သေကြေပျက်စီးအောင် လုပ်ဆောင်ခြင်းကိုလူသားတို့ဟန့်တားရေးအတွက်အရေးပါသော စမ်းသပ်မှုအတွင်းကမ္ဘာမှ မိုင်ခုနစ်သန်းအကွာရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု လမ်းကြောင်းလွဲစေရန် စက်တင်ဘာ ၂၆ ရက်တွင် နာဆာအာကာသယာဉ်ကို ဂြိုဟ်သိမ်ကို ဝင်တိုက်ခဲ့သည်။

မြေစမ်းခရမ်းပျိုးသော စမ်းသပ်မစ်ရှင်အဖြစ် The Double Asteroid Redirection Test (DART) အာကာသယာဉ်ကို ကယ်လီဖိုးနီးယားပြည်နယ်မှ လွှတ်တင်ခဲ့ပြီးနောက် ၁၀ လအကြာတွင် ယင်းအာကာသယာဉ်သည် စက်တင်ဘာ ၂၆ ရက် Eastern Time ည ၇ နာရီ ၁၄ မိနစ် (ဂရင်းနစ်စံတော်ချိန် ည ၁၁ နာရီ ၁၄ မိနစ်)တွင် ၎င်း၏ပစ်မှတ်ဖြစ်သော အာကာသာကျောက်စိုင်ကျောက်ခဲဖြစ်သော Dimorphos ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ဟာ ခေတ်သစ်ကို အစပြုနေတာဖြစ်ပါတယ်။ အန္တရာယ်ကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလိုအရာတွေ ဝင်တိုက်တာကနေ ကျွန်မတို့ဘာသာ ကျွန်မတို့ကာကွယ်ရမယ့်ခေတ်ကို ရောက်နေတာဖြစ်ပါတယ်” ဟု နာဆာ၏ ဂြိုဟ်သိပ္ပံဌာနခွဲ၏ ဒါရိုက်တာလိုရီဂေလေ့က ပြောကြားသည်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားငယ် Dimorphos နှင့် ၎င်းလှည့်ပတ်နေသော Didymos ဆိုသည့် ဂြိုဟ်သိမ်ကြီးတို့သည် နေကို ပတ်နေသောကြောင့် အနီးဆုံးအားဖြင့် ကမ္ဘာမှ မိုင်ခုနစ်သန်းအကွာ၌ ဖြတ်သန်းသွားချိန်တွင် အာကာသယာဉ်က Dimorphos ကို တိုက်ခဲ့ခြင်းဖြစ်သည်။ Dimorphos သည် ပေ ၅၃၀ (မီတာ ၁၆၀) ရှိသော ဂြိုဟ်သိမ်ဖြစ်ပြီး အီဂျစ်ပီရမစ်နှင့် နှိုင်းယှဉ်နိုင်သည့်အရွယ်အစားရှိသည်။ Didymos မှာ မိုင်ဝက်ခန့် ရှည်လျားသော ဂြိုဟ်သိမ်တစ်ခုဖြစ်သည်။ မမြင်ဖူးသော မြင်ကွင်းအဖြစ် “လငယ်လေး” သည် အာကာသယာဉ်နှင့်ဝင်မတိုက်မီ တစ်နာရီခန့်တွင် အလင်းစက်လေးအဖြစ်ပေါ်လာခဲ့သည်။

တစ်နာရီ ၁၄၅၀၀ မိုင် (ကီလိုမီတာ ၃၅၀၀၀) နှုန်းဖြင့် DART က ဂြိုဟ်သိမ်ထံ အမြန်သွားနေချိန် အာကာသယာဉ်နှင့် ဂြိုဟ်သိမ်တို့ တိုက်မိရန် မိနစ်ပိုင်းအလိုတွင် Dimorphos ၏ ဘဲဥနှင့်ဆင်တူသောပုံစံ၊ ကျောက်သားအချွန်အတက်များရှိနေသာ မျက်နှာပြင်သည် နောက်ဆုံးတွင် ထင်ထင်ရှားရှားပေါ်လာခဲ့သည်။

နောက်ဆုံးပုံတွင် ကွန်ပျူတာဖန်သားပြင်ရပ်သွားကာ အဆက်အသွယ်ပြတ်တောက်သွားသဖြင့် အာကာသယာဉ်မှာ ဂြိုဟ်သိမ်နှင့် တိုက်မိသွားသည်ကိုသိရသောကြောင့် နာဆာသိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများက လက်ခုပ်သြဘာပေးခဲ့ကြသည်။

အဆိုပါ ဂြိုဟ်သိမ်ညီနောင်မှာ ကမ္ဘာနှစ် နှစ်နှစ်တွင် နေကို တစ်ပတ်လည်ပတ်နေသောကြောင့် ၎င်းတို့သည် ကမ္ဘာဂြိုဟ်ကို အန္တရာယ်မပြုပေ။

ယခုစမ်းသပ်မှုသည် တကယ့်လိုအပ်ချက်ကို ရှာဖွေမတွေ့မီ လုပ်ဆောင်ရန် အရေးပါသည်ဟု နာဆာက ယူဆသော စမ်းသပ်မှုတစ်ခုဖြစ်သည်။

Dimorphos ကို ခေါင်းချင်းဆိုင်တိုက်ခြင်းခဲ့သဖြင့် နာဆာသည် ယင်းဂြိုဟ်သိမ်ကို ပိုသေးသော ပတ်လမ်းထဲ တွန်းပို့လိုက်သည်ဟု ယူဆထားသည်။ Didymos ကို Dimorphos က တစ်ပတ်ပတ်ရန် ကြာမြင့်ချိန်မှာ ၁၁ နာရီ ၅၅ မိနစ်ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent