YANGON WATER BUS ကို အောက်တိုဘာ ၁ ရက်အစား အောက်တိုဘာ ၆ ရက်တွင် ပြန်လည်ပြေးဆွဲမည်

YANGON WATER BUS ကို အောက်တိုဘာ ၁ ရက်အစား အောက်တိုဘာ ၆ ရက်တွင် ပြန်လည်ပြေးဆွဲမည်
Published 27 September 2022

YANGON WATER BUS ကို အောက်တိုဘာ ၁ ရက်အစား အောက်တိုဘာ ၆ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း YANGON WATER BUS က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ကြေညာသည်။

ယခင်က YANGON WATER BUS ကို အောက်တိုဘာ ၁ ရက်ပြန်လည်ပြေးဆွဲမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ YANGON WATER BUS ငါးနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်  အောက်တိုဘာ ၆ ရက်သို့ ပြောင်းလဲပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ထုတြ်ပန်ချက်အရ သိရသည်။

ယင်းငါးနှစ်ပြည့်နေ့ကို အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီတွင် လမ်းသစ်လမ်းဆိပ်ကမ်း၌ဖွင့်ပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့တွင် အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် K pay, CB pay, AYA pay, A plus pay, UAB pay စသည့် တစ်မျိုးမျိုးသုံးစွဲသူများအနေဖြင့် မိမိကိုင်ဆောင်သည့်ဖုန်းမှ application ကို ပြသ၍ Sunset ticket တကြိမ်စာကို လက်ဆောင်ရယူနိုင်မည်ဖြစ်ကြောင်း YANGON WATER BUS က သတင်းထုတ်ပြန်သည်။

နှစ်နှစ်ကျော်ကြာ ရပ်နားထားသည့် YANGON WATER BUS ကို အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ဇူလိုင် ၁၉ ရက်တွင် YANGON WATER BUS က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြေးဆွဲမည့် ပမာဏလမ်းကြောင်းအဖြစ် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်နှင့် အံ့ကြီးမှတ်တိုင်များဖြစ်ပြီး ငွေပေးချေခြင်းအတွက် KPAY၊ CB PAY၊ WAVE PAY တို့ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

YANGON WATER BUS သည် ၂၀၁၇ ခုနှစ် အောက်တိုဘာမှစတင်၍ ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent