စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျောင်းထိုင်ဆရာတော်နှစ်ပါး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျောင်းထိုင်ဆရာတော်နှစ်ပါး ဖမ်းဆီးခံရ
Published 27 September 2022

စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်တင်ဘာ ၂၃ ရက်က ကျောင်းထိုင်ဆရာတော်နှစ်ပါး ဖမ်းဆီးခံရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မောက်ကြိုး ကျေးရွာရှိ ရင်းကျောင်း ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပုညသီရိ သက်တော် (၃၇) နှစ်၊ သိက္ခာ တော် (၁၈) ၀ါသည် ကျန်းမာရေးမကောင်းသဖြင့် မုံရွာမြို့သို့ ဆေးကုသရန် အဆိုပါ ကျေး ရွာမှ မောင်ထက်မြတ်နိုင်နှင့် အတူ ဘုန်းကြီး ကျောင်းပိုင် မော်တော်ယာဉ် ဖြင့် အရာတော်-မုံရွာ ကားလမ်းအတိုင်း ထွက် ခွာလာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာလာစဉ် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ သင်္ချိုင်းအနီးအရောက်၌ လူ ၃၀ ဦးခန့်က မော်တော်ယာဉ်အား တားဆီး ၍ ဆရာတော်အား “သတင်းပေး၊ ဒလန် ဟု စွပ်စွဲကာ ဘုန်း ကြီးကျောင်းပိုင် မော်တော်ယာဉ်နှင့်အတူ ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပြီး မောင်ထက်မြတ်နိုင် အား ပြန်လည်လွတ်ပေး ခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ် အင်္ဂါထောင့် ကျေးရွာ ရွှေအင်းဘုန်းကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဦးသောဘဏ သက်တော် (၅၃) နှစ်၊ သိက္ခာတော် (၃၃ ) ၀ါသည် ကျောင်း အတွင်း၌ ၎င်း၏ အစ်ကိုဖြစ်သူ ဦးညိုမောင် (၇၈) နှစ်နှင့် ယာဉ်မောင်း ဦးကျော်ထွန်းဦး(၄၀) နှစ်တို့နှင့်အတူ ရှိနေစဉ် ဘုန်းကြီးကျောင်းအ တွင်းသို့ သေနတ်များ၊ ဓားများ ကိုင်ဆောင် ထားသည့် လူ ၆၀ ဦးခန့်  ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် သုံးဦးကို “သတင်းပေး၊ ဒလန် ဟု စွပ်စွဲကာ ဘုန်းကြီး ကျောင်း ပိုင် မော်တော်ယာဉ် အမှတ် (စိစစ်ဆဲ) Kluger အမျိုးအစား အနက်ရောင် မော် တော်ယာဉ်ပေါ် တင်ဆောင်၍ ခေါ်ဆောင် သွားကြောင်း သိရသည်။

 ဖမ်းဆီးခံရသော ကျောင်းထိုင် ဆရာတော်နှစ်ပါးအား ပြန် လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent