အမေရိကန်သည် ထိုင်ဝမ် အနီးဝန်းကျင်တွင် မီးနှင့်ကစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

အမေရိကန်သည် ထိုင်ဝမ် အနီးဝန်းကျင်တွင် မီးနှင့်ကစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ
စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်ကို တွေ့ရစဉ် - Photo: AFP
စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်ကို တွေ့ရစဉ် - Photo: AFP
Published 26 September 2022
Ref : Reuters/ AFP

အမေရိကန်သည် ထိုင်ဝမ်အနီးဝန်းကျင် တွင် မီးနှင့်ကစားနေသည်ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က စက် တင်ဘာ ၂၄ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် စွပ်စွဲခဲ့ သည်။

အမေရိကန်သည် အာရှဒေသများကို ၎င်းင်း၏ လက်အောက်ခံအဖြစ် သွတ်သွင်းရန်  ကြိးပမ်းနေသည်ဟု လက်ဗရော့ဗ်က ပြော ကြားခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိ ကန်၏ နိုင်ငံများ အုပ်စုဖွဲ့သည့် သီးသန့်ပုံစံ ဖွဲ့စည်းမှုကို ဝေဖန်ခဲ့သည်။

သူတို့ကတော့ ထိုင်ဝမ်အနီးမှာ မီးနဲ့ ကစားနေပါတယ်။ ဒါ့အပြင် သူတို့ဟာ ထိုင် ဝမ်ကို စစ်ရေးအကူအညီတွေပေးဖို့ ကတိပြု နေပါတယ် ဟု လက်ဗရော့ဗ်က ပြောကြားခဲ့ သည်။

ပြီးခဲ့သည့်လက အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ် ခရီးစဉ်အပြီးတွင် တရုတ်သည် ထိုင်ဝမ်ကျွန်း အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။တရုတ်သည် ထိုင်ဝမ်ကို ၎င်းင်း၏နယ်မြေ တစ်ခုအဖြစ်သတ်မှတ်ထားကာ လိုအပ်လာပါ က အင်အားသုံးသိမ်းယူမည်ဟု ပြောကြားခဲ့ သည်။ထိုင်ဝမ်ကမူ ယင်းစစ်ရေးလေ့ကျင့်မှု များသည် ၎င်းင်းအား ကျူးကျော်ရန် အစမ်းလေ့ ကျင့်ပြင်ဆင်နေမှုများဖြစ်သည်ဟု ဝေဖန်ရှုတ် ချခဲ့သည်။

တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် အင် အားသုံးခဲ့မည်ဆိုပါက ၎င်းအနေဖြင့်စစ်ရေး အရ ကြားဝင်ရန် အဆင်သင့်ရှိနေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်  ဘာ ၁၈ရက်က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့ပြီး ယင်းပြောကြားချက် သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အ ဓိပ္ပာယ်နှစ်ခွထွက်သည့် အမေရိကန်၏ ဆယ် စုနှစ်များစွာကျင့်သုံးခဲ့သည့် မူဝါဒနှင့် နောက် တစ်ကြိမ် သွေဖည်သွားခဲ့ကာ တရုတ်နှင့် အ မေရိကန်အကြား တင်းမာမှုများမြင့်တက်ခဲ့ သည်။

အမေရိကန်အစိုးရကမူ ထိုင်ဝမ်အပေါ် ထားရှိသည့် ၎င်းင်း၏မူဝါဒကို ပြောင်းလဲခြင်း မရှိကြောင်း ပြောကြားခဲ့သော်လည်း ဘိုင်ဒင် ၏ မှတ်ချက်စကားသည် ထိုင်ဝမ်လွတ်လပ် ရေးအတွက် ကြိုးပမ်းနေသူများအတွက် မှား ယွင်းသည့် အရိပ်လက္ခဏာတစ်ခုဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ထိုင် ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်ကို ပြတ် သားစွာထောက်ခံခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျွန် တော်တို့ ပြတ်ပြတ်သားသား လိုက်နာဖို့ ဆန္ဒ ရှိပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ အမေရိ ကန်နဲ့ သူ့ရဲ့ သြဇာခံနိုင်ငံတွေရဲ့ ရန်လိုမှုတွေ ကို ကျွန်တော်တို့ ရှုတ်ချပါတယ်ဟု ပူတင်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့ သည်။အမေရိကန်သည် ပိတ်ဆို့မှုများပြုလုပ် ပြီး တစ်ကမ္ဘာလုံးကို ၎င်းင်း၏ ကိုယ်ပိုင် အိမ် နောက်ဖေးမြေကွက်လပ်တစ်ခုအဖြစ် အသွင် ပြောင်းရန်ကြိုးပမ်းနေပြီး ယင်းသည် အာဏာ ရှင်ဆန်ကြောင်း လက်ဗရော့ဗ်က စွပ်စွဲခဲ့ သည်။

စက်တင်ဘာ ၂၃ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သီးသန့် တွေ့ဆုံခဲ့ရာတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက် ပြီး အဓိကဆွေးနွေးခဲ့ကြသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးကြောင်း စက်တင်ဘာ ၂၃ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကို ပြောကြားခဲ့ပြီးနောက် အမေ ရိကန်သည် ထိုင်ဝမ်ကို အလွန်မှားယွင်းပြီး အန္တရာယ်များသည့် အရိပ်လက္ခဏာများပေး ပို့နေသည်ဟု တရုတ်က စွပ်စွဲခဲ့သည်။

         

 

 

Most Read

Most Recent