ရုရှားအစိုးရက လက်နက်ချသည့်စစ်သားများနှင့် စစ်တိုက်ရန်ငြင်းဆိုသည့်စစ်သားများကို ပြစ်ဒဏ်များပိုမိုတင်းကျပ်

ရုရှားအစိုးရက လက်နက်ချသည့်စစ်သားများနှင့် စစ်တိုက်ရန်ငြင်းဆိုသည့်စစ်သားများကို ပြစ်ဒဏ်များပိုမိုတင်းကျပ်
ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဇာပိုရီရှားနျူကလီးယားစက်ရုံတွင် စောင့်ကြပ်နေသည့် ရုရှားစစ်သားတစ်ဦးကို တွေ့ရစဉ် - Photo: AFP
ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဇာပိုရီရှားနျူကလီးယားစက်ရုံတွင် စောင့်ကြပ်နေသည့် ရုရှားစစ်သားတစ်ဦးကို တွေ့ရစဉ် - Photo: AFP
Published 26 September 2022
​​​​​​​Ref: AFP

ရုရှားအစိုးရက မိမိသဘောဆန္ဒအလျောက် လက်နက်ချသည့် စစ်သားများ သို့ မဟုတ် စစ်တိုက်ရန်ငြင်းဆိုသည့် စစ်သားများ ကို ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်ခံရမည် ဟု ဖော်ပြမှုနှင့်အတူ စက်တင်ဘာ ၂၄ ရက် တွင်ပြစ်ဒဏ်များကို ပိုမိုတင်းကျပ်ခဲ့ကာ ယူ ကရိန်းတွင် ဖြစ်ပွားနေသည့် ခုနစ်လကြာ စစ်ပွဲအတွင်း အသာစီးမရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေး  ဆိုင်ရာ ထိပ်သီးဗိုလ်ချုပ်ကြီးတစ်ဦးကို လူစား ထိုးလဲလှယ်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် တန်ပြန်ထိုး စစ်ဆင်တိုက်ခိုက်မှုများတွင် နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ချိန်တွင် ရုရှားက စစ်သား ၃၀၀၀၀၀ အထိ စစ်စည်းရုံးကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်များ တင်းကျပ်သည့် လုပ်ဆောင်ချက်များထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားသိမ်းယူထားသည့် ဒေသ လေးခုအား ရုရှား၏နယ်မြေ တစ်စိတ်တစ် ဒေသဖြစ်လာစေရန် ရည်ရွယ်သည့် လူထု ဆန္ဒခံယူပွဲများပြုလုပ်နေပြီး ယင်းကဲ့သို့ ဆန္ဒခံ ယူပွဲများ ပြုလုပ်ခြင်းသည် ခုနစ်လကြာမြင့် ပြီဖြစ်သည့် စစ်ပွဲကို ပိုမိုစိုးရိမ်စရာကောင်း သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စ ကီးကမူ ယင်းဆန္ဒခံယူပွဲများသည် နိုင်ငံတ ကာ ဥပဒေနှင့် ယူကရိန်း၏ဥပဒေကို ဆန့် ကျင်သည့် ရာဇဝတ်မှုများကျူးလွန်ခြင်းဖြစ် သည်ဟု ဝေဖန်ရှုတ်ချခဲ့သည်။

မကြာသေးမီက ယူကရိန်းတပ်များ၏ တန်ပြန်ထိုးစစ်များအသာစီးရခဲ့မှုသည် ရုရှား တပ်များအကြား ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း အားနည်းမှုကို ပြသရာရောက် သည်ဟု ကျွမ်းကျင်သူအချို့က ပြောကြားခဲ့ သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ ဗိုလ်ချုပ်ကြိး ဒီမီထရီ ဘူလ်ဂါ ကော့ဗ်ကို တာဝန်မှအနားပေးပြီး ၎င်းင်းနေရာ တွင် ဗိုလ်ချုပ်ကြီး မီဟိုင်း မီဇင့်ဆက်ဗ်က အ စားထိုးတာဝန်ထမ်းဆောင်လိမ့်မည်ဟု ဖော် ပြခဲ့သည်။

စက်တင်ဘာ ၂၁ ရက်က တစ်စိတ်တစ် ပိုင်း စစ်စည်းရုံးကြောင်းကြေညာမှုသည် မီ ဇင့်ဆက်ဗ်၏ ကြီးမားသည့် ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ ပထမဆုံးစိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။

စစ်မှုထမ်းဆောင်ရမည့်အရွယ်ရှိသည့် အမျိုးသားများကမူ နိုင်ငံအတွင်းမှ ထွက်ခွာ ရန် ကြိုးပမ်းခဲ့ပြီး လေကြောင်းလိုင်းများတွင် နေရာများပြည့်နေကာ အိမ်နီးချင်းနိုင်ငံများ သည်လည်း ရုရှားမှထွက်ခွာလာသည့် ရုရှား နိုင်ငံသားများကို လက်ခံနေရသည်။

တပ်သားသစ်ခေါ်ယူမှုသည် အရည် အချင်းပြည့်ဝသောစစ်သားများကဲ့သို့ အ တွေ့ အကြုံရှိသူများကိုသာ ကန့်သတ်ခေါ်ယူ ခြင်းဖြစ်ရာ ကျောင်းသားများနှင့် စစ်မှုမထမ်း မနေရ ဥပဒေအရ စစ်မှုထမ်းရမည့်သူများကို ခေါ်ယူမည်မဟုတ်ဟု ရုရှားကာကွယ်ရေးဝန် ကြီးဆာဂေး ရွှိုက်ဂူက ပြီးခဲ့သည့် သီတင်းပတ် တွင် ပြောကြားခဲ့သည်။

Most Read

Most Recent