နိုင်ငံတကာပြိုင်ပွဲများမှ ထုတ်ပယ်ခံထားရမှုနှင့်ပတ်သက်ပြီး CAS အစီရင်ခံစာကို ရုရှားဘောလုံးအဖွဲ့ချုပ် စောင့်ဆိုင်းနေ

နိုင်ငံတကာပြိုင်ပွဲများမှ ထုတ်ပယ်ခံထားရမှုနှင့်ပတ်သက်ပြီး CAS အစီရင်ခံစာကို ရုရှားဘောလုံးအဖွဲ့ချုပ် စောင့်ဆိုင်းနေ
Photo: B/R Football
Photo: B/R Football
Published 22 September 2022

ရုရှားဘောလုံးအသင်းများကို နိုင်ငံတကာပြိုင်ပွဲများမှ ထုတ်ပယ်ခံထားရမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာအားကစားခုံရုံး(CAS)မှ ထုတ်ပြန်မည့် အစီရင်ခံစာအပြည့်အစုံကို စောင့်ဆိုင်းနေကြောင်း ရုရှားဘောလုံးအဖွဲ့ချုပ်(RFU) က ကြေညာခဲ့သည်။

RFU အနေဖြင့် ယင်းအစီရင်ခံစာကို လေ့လာပြီးမှသာ အခြားပြုလုပ်မည့် အဆင့်များအတွက် ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

၂၀၂၂ ဖေဖော်ဝါရီ(၂၈)ရက်က ပြုလုပ်ခဲ့သည့် UEFA အမှုဆောင်ကော်မတီအစည်းအဝေးတွင် ရုရှားအသင်းအားလုံးကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီး  ရုရှား၏အယူခံကို CAS က ၂၀၂၂ ဇူလိုင် (၁၅)ရက်တွင် ပယ်ချကာ ယင်းပြစ်ဒဏ်ကို အတည်ပြုပေးခဲ့သည်။

ထို့ကြောင့် စက်တင်ဘာလ(၂၀)ရက်က ပြုလုပ်ခဲ့သော ယူရို-၂၀၂၄ ပြိုင်ပွဲနှင့်ပတ်သက်သည့် အစည်းအဝေးတွင် UEFA က ရုရှားအသင်းအနေဖြင့် ယင်းပြစ်ဒဏ်ကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည်မဟုတ်ကြောင်း ထပ်မံကြေညာခဲ့သည်။ 

Most Read

Most Recent