ပြည်တွင်းစျေးကွက်တွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ဆန်စပါးကုန်သည်များအသင်းက ကျပ် ၉၃၀၀၀ ဖြင့် ရောင်းချနေပြီး လက်လီစျေးကွက်တွင် တစ်အိတ်လျှင် ကျပ်တစ်သိန်အထိ မြင့်တက်

ပြည်တွင်းစျေးကွက်တွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ဆန်စပါးကုန်သည်များအသင်းက ကျပ် ၉၃၀၀၀ ဖြင့် ရောင်းချနေပြီး လက်လီစျေးကွက်တွင် တစ်အိတ်လျှင် ကျပ်တစ်သိန်အထိ မြင့်တက်
Published 13 September 2022

ပြည်တွင်းစျေးကွက်အတွင်း ဆန်ချော၊ ဆန်ကြမ်းများ အမျိုးအစားအလိုက် စျေးတက်နေပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ဆန်စပါးကုန်သည်များအသင်းက ကျပ် ၉၃၀၀၀ ဖြင့် ရောင်းချနေပြီး လက်လီစျေးကွက်တွင် တစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ မြင့်တက်လာကြောင်း သိရသည်။

“သြဂုတ်လလယ်က ဝယ်ခဲ့တာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၉၆၀၀၀၊ ပြီးခဲ့တဲ့နှစ်ရက်က ဝယ်ခဲ့ရတာက တစ်အိတ်ကို တစ်သိန်းဖြစ်နေပြီ။ ကျန်တဲ့ဆန်တွေရော အကုန်တက်တာ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၃၀၀၀ မှ ၈၀၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃ဝဝဝမှ ၅၅၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀ မှ ၅၅၀၀၀၊ ငစိန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ မှ ၃၅၀၀၀၊ ရက်-၉၀ တစ်အိတ်လျှင် ကျပ် ၃၄၅၀၀ မှ ၃၆၅၀၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ မှ ၃၂၀၀၀၊ မြီးဒုံးတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ စျေးရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းမှ ထုတ်ပြန်ထားချက်အရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၀၁၅ ခုနှစ်တွင် ကျပ် ၄၇၀၀၀၊ ၂၀၁၆ ခုုနှစ်တွင် ကျပ် ၄၃၀၀၀၊ ၂၀၂၀ ပြည့်နှစ်တွင် ကျပ် ၅၄၀၀၀ ရှိခဲ့သည်။၂၀၂၂ ခုနှစ် ဇူလိုင်တွင် ကျပ် ၈၀၀၀၀ အထိ စျေးတက်လာခဲ့သည်။

သြဂုတ် ၁၅ ရက်တွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၈၀၀၀ မှ ၉၀၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၉၀၀၀ မှ ၆၅၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၆၀၀၀ မှ ၆၀၀၀၀၊ ငစိန်တစ်အိတ်လျှင် ကျပ် ၃၄၀၀၀ မှ ၃၅၅၀၀၊ ရက်-၉၀ တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ၄၄၀၀၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၆၅၀၀ မှ ၃၈၀၀၀၊ မြီးဒုံးတစ်အိတ်လျှင် ကျပ် ၄၈၅၀၀ မှ ၅၀၀၀၀ စျေးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent