ရန်ကုန်တွင် စက်သုံးဆီစျေး အတက်စျေးမှာပင် ငြိမ်သက်နေပြီး ဓာတ်ဆီတစ်လီတာ ၂၃၆၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၉၈၅ ကျပ်တွင်ရှိနေ

ရန်ကုန်တွင် စက်သုံးဆီစျေး အတက်စျေးမှာပင် ငြိမ်သက်နေပြီး ဓာတ်ဆီတစ်လီတာ ၂၃၆၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၉၈၅ ကျပ်တွင်ရှိနေ
Published 12 September 2022

ရန်ကုန်တွင် စက်သုံးဆီစျေး အတက်စျေးမှာပင် ငြိမ်သက်နေပြီး ဓာတ်ဆီတစ်လီတာ ၂၃၆၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၉၈၅ ကျပ်တွင်ရှိနေကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။

စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့်စျေးနှုန်းအရ ရန်ကုန်တိုင်းတွင် ၉၂ တစ်လီတာ ၂၃၆၅ ကျပ်၊ ၉၅ တစ်လီတာ ၂၄၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၉၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၇၅ ကျပ် ဖြစ်သည်။

ယင်းစျေးနှုန်းများမှာ စက်တင်ဘာ ၁၀ ရက်တွင် စျေးတက်ခဲ့သည့် နှုန်းထားများဖြစ်ပြီး နှစ်ရက်ဆက် တိုက်ယင်းစျေးနှုန်းတွင် တည်ရှိနေခြင်းဖြစ်သည်။

စက်တင်ဘာ ၉ ရက်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးမှာ ရန်ကုန်စျေးနှုန်းများအရ ၉၂ တစ် လီတာ ၂၃၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၄၁၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၉၈၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၀၇၀ ကျပ် ဖြစ်သည်။ ယင်းကြောင့် ၉၂ တစ်လီတာ ၅၅ ကျပ်၊ ၉၅ တစ်လီတာ ၆၀ ကျပ်၊ ရိုးရိုးဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာ ငါးကျပ် မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံး ဆီစျေးကြီးမြင့်မှုကြောင့် အခြေခံကုန်စည်များ စျေးကြီးမြင့်မှုကို သက်သာရန် နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံ ခြားငွေကြေးစျေးကွက်မှတစ်ဆင့် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စက်သုံးဆီစျေးများ နှစ်ရက်ဆက် တိုက် ကျဆင်းလာခဲ့သော်လည်း စင်ကာပူဆီစျေးနှုန်းမြင့်တက်လာသဖြင့် စက်တင်ဘာ ၂ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးများ မြင့်တက်ခဲ့သည်။

သြဂုတ် ၇ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းဟု ဆိုနိုင်သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၁၆၁၅ ကျပ်၊ ၉၅ တစ်လီတာ ၁၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၁၉၇၀ ဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများမှာ ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သို့ တိုးမြှင့်သတ် မှတ်လိုက်ပြီးနောက် စျေးနှုန်း များ မြင့်တက်လာခြင်းဖြစ်သည်။

စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်  ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံ တို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။

ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာ ခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင် နှုန်းခန့်သာ ပြည်တွင်းမှထုတ်လုပ်နိုင်ကြောင်း သိရသည်။

စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာ ခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင် နှုန်းခန့်သာ ပြည်တွင်းမှထုတ်လုပ်နိုင်သည်။

Most Read

Most Recent