စက်တင်ဘာ ၉ ရက် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၃၁၇၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၉၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့

စက်တင်ဘာ ၉ ရက် ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၃၁၇၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၉၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့
Published 9 September 2022

စက်တင်ဘာ  ၉ ရက် ပြင်ပစျေးကွက်တွင်  ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၃၁၇၀၀၀၀ ဝန်း ကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၀၁၉၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေစျေးနှုန်းအပေါ်အခြေခံတွက်ချက်ကာ စျေးနှုန်းသတ်မှတ်၍ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးနေခြင်းဖြစ်ပြီး စက်တင်ဘာ ၆ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချပေးကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း မှဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သူထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရွှေဒင်္ဂါးပြားများ စက်တင်ဘာ ၅ ရက်မှစတင်ရောင်းချနေသည့်ကိစ္စနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏မေးမြန်းမှုအပေါ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာဦးကျော်သူထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရွှေဒင်္ဂါးပြားများကို စက်တင်ဘာ ၅ ရက်က စတင်ရောင်းချပေးနေခြင်းဖြစ်ပြီး စက်တင်ဘာ ၆ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခွဲဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ဦးကျော်သူထွန်းက “စျေးနှုန်းကတော့ ကျွန်တော်တို့ ဒါကမ္ဘာ့စျေးကို အခြေခံတယ်။ နောက်တစ်ခုကအားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ပေါ့။ တကယ်လိုအပ်တဲ့လူတွေ ဝယ်ယူနိုင်တဲ့၊ ပြည်သူရဲ့လက်ထဲကိုပေါ့။ တကယ် လိုအပ်တဲ့လူတွေရဲ့လက်ထဲကို တိုက်ရိုက်ရောက်နိုင်အောင် ကျွန်တော်တို့ကစျေးနှုန်းကို အားလုံးခြုံငုံသုံးသပ်ပြီးတော့ ကမ္ဘာ့စျေးကိုတော့အခြေခံတယ်။ အားလုံးကိုခြုံငုံသုံးသပ်ပြီးတော့ စျေးနှုန်းသတ်မှတ်ပြီး ရောင်းချခြင်းဖြစ်ပါတယ်။ နောက်ရောင်းချတာနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့ နေ့စဉ်ပေါ့။ ၁၂ နာရီ ကနေပြီးတော့ ညနေ ၄ နာရီအထိ ရောင်းချပေးမယ်။ အဲ့ဒါကတော့ ရုံးဖွင့်ရက်တိုင်းပေါ့”ဟု ပြောကြားသည်။ နေပြည်တော်ရှိ ကျောက်မျက်ရတနာ ပြတိုက်တွင် ရွှေဒင်္ဂါးပြားများကို အပတ်စဉ်ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့မှ သောကြာနေ့အထိ ရောင်းချပေးလျက်ရှိပြီး နေ့စဉ်နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီ အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရုံးပိတ်ရက်များတွင် ရွှေဒင်္ဂါးပြားများကို ရောင်းချမည်မဟုတ်ကြောင်း သိရသည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်  ညွှန်ကြားထားသော်လည်း ရွှေဆိုင်အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်း အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

လက်ရှိတွင် ရွှေအရောင်းဆိုင်များတွင် အဆိုပါသတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာတွင် သာရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေးချေဝယ်ယူနေရခြင်းဖြစ်သည်။

Most Read

Most Recent