လက်ရှိဘဏ္ဍာနှစ် ငါးလနီးပါးအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခုနစ်သိန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၅၁၃ သန်းကျော်ရရှိ

လက်ရှိဘဏ္ဍာနှစ် ငါးလနီးပါးအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခုနစ်သိန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၅၁၃ သန်းကျော်ရရှိ
မန္တလေးကုန်စည်ဒိုင်အတွင်း ဝယ်ရောင်းပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
မန္တလေးကုန်စည်ဒိုင်အတွင်း ဝယ်ရောင်းပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်
Published 9 September 2022

လက်ရှိဘဏ္ဍာနှစ် ငါးလနီးပါးအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခုနစ်သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ  ၅၁၃ သန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၂၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆၆၀၈၀၆ ဒသမ ၅၀၀ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ  ၅၁၃ ဒသမ ၃၄၇ သန်းရရှိ ထားသည်။

ယင်းအနက် ပင်လယ်ရေကြောင်းမှ ၅၁၉၈၆၈ ဒသမ ၉၆၃ တန်တင်ပို့မှုမှ ဒေါ်လာ ၄၁၈ ဒသမ ၁၅၂ သန်း၊ နယ်စပ်မှ ၁၄၀၉၃၇  ဒသမ  ၅၃၇  တန် တင်ပို့မှုမှဒေါ်လာ ၉၅ ဒသမ ၁၉၅ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့်ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိ ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၁၂၄၂၇၇၅ ဒသမ ၂၃၁ တန်တင်ပို့ မှုမှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန်တင်ပို့မှုမှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့်  စုစုပေါင်း ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန်တင်ပို့မှုမှ ဒေါ် လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ်သောင်း သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့သည်။

တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှဒေါ်လာသန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၂၉ သန်း၊ ကုလားပဲတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၃၇ သန်း၊ ပဲလွန်းတင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲတင်ပို့မှုမှဒေါ်လာ ၂၀ ဒသမ ၉၈ သန်း၊ မြေထောက်ပဲတင်ပို့မှုမှ ဒေါ် လာ ၁၄ ဒသမ ၁၉ သန်း၊အခြားပဲများတင်ပို့မှု မှ ဒေါ်လာ ၆၄ ဒသမ ၅၅ သန်းရရှိခဲ့သည်။

တစ်နှစ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်းကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။

ယင်းအနက် မတ်ပဲနှင့်ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်း ကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအားနှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

Most Read

Most Recent