သြဂုတ်လ ပထမပတ်အတွင်း မိုးများသဖြင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရ

သြဂုတ်လ ပထမပတ်အတွင်း မိုးများသဖြင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရ
ရပ်စောက်မြို့တွင် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံှ - Southern Shan Red Cross)
ရပ်စောက်မြို့တွင် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံှ - Southern Shan Red Cross)
Published 9 August 2022

ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် သြဂုတ် လပထမပတ်အတွင်း မိုးများသဖြင့် မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့၊ တာချီ လိတ်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းတုံမြို့ရှိ ချောင်း များတွင် ရေကြီးလျက်ရှိကြောင်း စုံစမ်းသိရ သည်။ သြဂုတ် ၅ ရက်မှ စတင်ရွာသွန်းသော မိုးကြောင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အတော် များများတွင် ရေကြီးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် သြဂုတ် ၆ ရက် က မိုးများသဖြင့် အဆိုပါ ညပိုင်းမှာပင် ဆိုင်တချို့ အတွင်း ရေဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။ သြဂုတ် ၇ ရက်တွင် တစ်နေကုန် ရွာ သောမိုးကြောင့် မင်းလမ်းရှိ နေအိမ်များတွင် အုတ်တံတိုင်းပြိုလဲခြင်း၊ လမ်းအကာ သံပန်း များပျက်စီးခြင်း၊ လမ်းအူကြောင်းများ ပျက်စီး ခြင်းနှင့် မြေထိန်းနံရံအုတ်တံတိုင်းကြီးများ ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သြဂုတ် ၈ ရက်တွင်လည်း တစ်နေကုန် မိုးရွာ သွန်းပြီး ရေကြီးခြင်းကြောင့် တောင်ကြီးမြို့ရှိ ရပ်ကွက်တချို့တွင် လမ်းအူကြောင်း ပျက်စီးမှု များရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် သြဂုတ် ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ကြောင်း တာချီလိတ်ဒေ သခံများထံမှ စုံစမ်းသိရသည်။

တာချီလိတ်မြို့တွင် သြဂုတ် ၈ ရက် နံနက် ၄ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်း ခဲ့ခြင်းကြောင့် မြို့တွင်းရေကြီးရေလျှံမှုဖြစ် ပေါ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် တာ ချီလိတ်မြို့အကြားရှိ မယ်ဆိုင်ချောင်း ရေ တက်ခြင်းကြောင့် မြို့တွင်း ရေကြီးရေလျှံလေ့ ရှိပြီး မယ်ဆိုင်ချောင်းသည် တောင်ကျရေကြီး ခြင်းကြောင့် မိုးများချိန်တိုင်း မကြာခဏရေ တက်လာလေ့ရှိပြီး မြို့တွင်းရေကြီးရေလျှံမှု များလည်း ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းရှိ လူနေရပ်ကွက် များအတွင်း လမ်းများတွင်သာမက နေအိမ် များအထိ ရေကြီးနစ်မြှုပ်နေသည်ကို မြင်တွေ့ ရသည်။

ကျိုင်းတုံမြို့တွင်လည်း သြဂုတ် ၈ ရက် က မိုးတစ်နေကုန်ရွာသဖြင့် ကျိုင်းတုံမြို့ကို ဖြတ်သန်းစီး နေသော နမ့်ခင်ချောင်း၊ နမ့် လတ်ချောင်း၊ ကျိုင်းဖောင်းချောင်းတို့သည် ညနေပိုင်းတွင် အရှိန်အဟုတ်ပြင်းစွာစီးဆင်း နေကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ်တွင်လည်း သြဂုတ် ၈ ရက်က မိုးသည်း ထန်စွာရွာခြင်းကြောင့် ရပ်ကွက်အတွင်း ရေ ကြီးနစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။

ရပ်စောက်မြို့ ဇော်ဂျီကွေ့တွင် နေအိမ် များ ရေကြီးနစ်မြုပ်နေသည်ကို သြဂုတ် ၈ ရက်က မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ ရပ်စောက်မြို့နယ်တွင် ဇော်ဂျီချောင်း ရေတက်ခြင်းကြောင့် တံတားနှင့် လူနေအိမ် များ ရေကြီးနစ်မြုပ်ခြင်းဖြစ်ကြောင်း သိရ သည်။

ရပ်စောက်မြို့နယ်တွင် ဇော်ဂျီမြစ်ရေလျှံ မှုကြောင့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တားရပ်ကွက် တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဒေသ ခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ ကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများကို ရှမ်းပြည်နယ် (တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန် ချက်ဖြင့် ရပ်စောက်မြို့နယ် ကြက်ခြေနီအ သင်းခွဲ တပ်ဖွဲ့မှူး ဦးစီးကာ ကြက်ခြေနီစေတ နာ့လုပ်အားရှင်များပါဝင်ပြီး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရေဘေးလွတ်ရာများသို့ ရွှေ့ ပြောင်းခြင်း အပြင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော် မတီ၏လမ်းညွှန်ချက်ဖြင့် ထောက်ပံ့မှုများ ပေးသွားနိုင်ရန်အတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ သိရသည်။

Most Read

Most Recent